>Burmese Literary Talk held first time in UAE
>
ယူအေအီးနိုင်ငံ ပထမအကြိမ်မြန်မာစာပေဟောပြောပွဲ ကျင်းပ
သတင်း ချမ်းလင်းနေ၊ ဓာတ်ပုံ ကိုပီတာ ဘလော့ဂ်များက ကူးယူမျှဝေသည်
မတ် ၂၆၊ ၂၀၁၁
ယူအေအီးနိုင်ငံရှိ ကန္တာရဝဿလူမှုရှေ့ဆောင် အသင်းမှ ကြီးမှုးကျင်းပပြုလုပ်သော ပထမအကြိမ် စာပေဟောပြောပွဲကို ၂၂.၀၃.၂၀၁၁ ခုနှစ် အင်္ဂါနေ့ ညနေ (၆)နာရီမှ ည(၁၀) နာရီအထိ ဒူဘိုင်းမြို့ Al Noor Training Center မှာ ပြုလုပ်ကျင်းပ ပြီးစီးခဲ့ပါသည်။
ကန္တာရမြေပေါ်တွင် မြန်မာတို့၏ စာသံပေသံ လက်ခုပ်သြဘာသံများ မိုးလုံးညံ့အောင် ယူအေအီး ပြည်ထောင်အသီးသီးမှ စာပေချစ်မြတ်နိုးသူ မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများက မအားလပ်သည့် ကြားကပင် ကြိုးစာပမ်းစား ကူညီတက်ရောက် အားပေးခဲ့ကြသဖြင့် ကန္ထာရတိုင်းပေါ်တွင် မြန်မာစာပေဟောပြောပွဲကို အောင်မြင်စွာ မှတ်တိုင်စိုက်ထူနိုင်ခဲ့ပေသည်။
ဆရာအော်ပီကျယ်နှင့် ဆရာချစ်ဦးညိုတို့ကလည်း မြန်မာပြည်မှ ဝေးကွာလှသော ယူအေအီးနိုင်ငံရှိ မြန်မာစာပေချစ်မြတ်နိုးသူ မြန်မာများအတွက် အခက်အခဲလေးတွေ ရှိလျှက်ကြားကပင် မဖြစ်မနေ ရောက်ရှိလာကြပြီး စာပေရသ ဗဟုသုတများကို ချီးမြှင့်ဟောပြောသွားတဲ့အတွက်လည်း ယူအေအီးမှ ကန္တာရဝဿ လူမှု့ရှေ့ဆောင်အသင်းနှင့် စာပေချစ်မြတ်နိုးသူ မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများကိုယ်စား ကျွန်တော်ချမ်းလင်းနေမှ ဆရာအော်ပီကျယ်နှင့် ဆရာချစ်ဦးညိုတို့ကို အထူးပင် ဝမ်းသာကြည်နူးမှုများစွာဖြင့် ကျေးဇူးတင်ရှိပါသည်။
ဆရာချစ်ဦးညို – အမျိုးသားရေးမို့ ကြိုးပမ်းကြပါ တို့ဗမာ ခေါင်းစဉ်များနဲ့ ဟောပြောခဲ့သည်ကို သည်နေရာတွေမှာ နားထောင်နိုင်ပါသည်။
ဒီအသံဖိုင်များကို ဒူဘိုင်း အဖြူရောင်သံစဉ် ရေဒီယိုမှ ရွှေပု၊ သံလုံး၊ TY3 တို့က မေတ္တာဖြင့်ကူညီ အသံဖမ်းယူထားပြီး စာပေဟောပြောနေစဉ်မှာ တကမ္ဘာလုံးမှ မြန်မာများ နားဆင်နိုင်အောင် အဖြူရောင်သံစဉ် ရေဒီယိုမှနေ တိုက်ရိုက်လွှင့်တင်ပေးခဲ့ပါသည်။
          http://blog.kopeter.com/
ဆရာချစ်ဦးညိုက ဤသို့ ဟော၍…. ဆရာအော်ပီကျယ်မှ ဤသို့ ပြောခဲ့ ကြသည်….
အခမ်းအနားမှူးများရဲ့ မိတ်ဆက်ပြောကြား သူတို့ စကား….
ဆရာနှစ်ဦး ဟောပြောပွဲခန်းမရှိရာ အဆောက်အဦသို့ ရောက်ရှိလာခဲ့ ကြစဉ်….
ဆရာချစ်ဦးညိုအား အဖြူရောင်သံစဉ်မှတွေ့ ဆုံမေးမြန်းစဉ် ဆရာအော်ပီကျယ်ကိုလည်း ဤသို့ ဤနှယ် မေးခဲ့ ပါသေးတယ်…
ဒီကမ္ဘာမှာ ဆရာပီအပျော်ဆုံး…..  ပျော်ရွှင်ကြည်နူးနေသည့် ”ဆရာပီ” ကို ပျော်ရွှင်ကြည်နူးနေသည့် ”ကိုပီ” မှဤသို့ မှတ်တမ်းတင်
ရိုက်ကူးပေးခဲ့ သည်…
။ အခမ်းအနားကို မြနန္ဒာသီချင်းဖြင့်အဆုံးသတ်တော့ ဆရာချစ်ဦးညိုပါ ၀င်ရောက်ဆင်နွှဲခဲ့ ….
ဒူဘိုင်းစာပေ၀ါသနာရှင်၊ ဘလော့ ဂ်ဂါများနှင့် စာရေးဆရာများ မိတ်ဆက်နေ့ လည်စာစားပွဲ….
  အပျော်အပြုံးတွေကိုယ်စီနဲ့ …အမှတ်တရဖြစ်ခဲ့ ရတယ်ပေါ့ …..
ကမ္ဘာ့ အမြင့် ဆုံးမိုးမျှော်တိုက် Burj Khalifa ပေါ်က ရွှေချောင်းထုတ်စက်နဲ့ အမှတ်တရဆရာချစ်ဦးညို
ရွှေချောင်း ၂ ချောင်းပဲဝယ်လိုက်ပါတယ်လို့ များပြောနေလေသလားပဲ…
ဆရာပီကလည်း အားကျမခံ အဘူဒါဘီ ပဲလေ့ စ်ဟိုတယ်မှာ ရွှေချောင်းတွေဝယ်ခဲ့လေသလားပဲ….
အာရပ်ရိုးရာခေါင်းပေါင်းဝတ်စုံများဖြင့် ( Sheik ) ” ရှိတ်စော်ဘွား ” ဖြစ်သွားသည့်ဆရာနှစ်ဦး…
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts