>Aung Tha Nge’s poem – 20

>

 
ရှာကြံနာ
အောင်သာငယ်
မတ် ၂၅၊ ၂၀၁၁

အချိန်ကာလမဲ့သော ပိုးဟပ်များကလည်း
ညစ်ထေးနံဟောင်လို့
အဲသည့် ကောင်းကင်နံရံမှာ တွယ်ကပ်ခိုင်မာ …

ငါ့ဒဏ်ရာတွေကလည်း
တက်တူးတွေလို … အရောင်မျိုးစုံ … ရှိ …
လူတကာ၏ ရင်ခွင်တိုင်းကိုတောင်
ရစ်ခ်ျတာစကေး ၈.၆ လို
အားလုံး လဲပြိုကျသွားရလောက်အောင်
မက်မော ဖြစ်ညှစ်ပစ်ချင်ဖွယ်ရာ
တင်းတင်းပြည့်ပြည့် ရင်သား နှစ်လုံးနဲ့
အားလုံး လဲပြိုကျသွားစေပေါ့ …
သို့ကလို … မိုက်ရိုင်း …

ဘာမှ မဟုတ်ဘူး …
ရူးသွပ်မှုတခုသာ-လို့
ငါ ထောင်ခဲ့ဖူးတဲ့ ဆိုင်းဘုတ်တခုကလည်း
ဆူနားမီ ထိုးခွဲသွားတဲ့
ကမ္ဘာ့ မျက်နှာပြင် အပြဲကြီးထဲမှာ …
စိတ်ရှိလက်ရှိ
မျောလွင့်လို့ …

ငလျင် ဆိုတဲ့ကောင်တွေ …
သူတို့ လွှင့်ချင်ရာ လွှင့်နေတာကိုပဲ
ငါတို့ကလည်း ထိုင်ကြည့်နေရ …

ဘာမှ ထပ်မပြောနဲ့ကွာ …
ငါလည်း နာပါတယ် …

ငါ့ဘဝကို နာတယ် …
ငါ့ အသည်းကို နာတယ် …
ငါ့ကိုယ်ကို နာတယ် …
မနေ့ ဆိုတဲ့ နေ့ရက်ကို နာတယ် …
သည်နေ့ကို နာတယ် …
မနက်ဖန်ကို နာတယ် …

ဘုရားရေ …
နင့်ကိုပါ
ငါ စိတ်နာနေပြီ …

သရုပ်ဖော် အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts