>Burma Human Rights Day marked by Burmese Community overseas

>

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနေ့ မတ်လ ၁၃ ရက် နိုင်ငံတကာမြန်မာမိသားစုများ ကျင်းပ
မိုးမခဓာတ်ပုံသတင်း
မတ် ၁၄၊ ၂၀၁၁
      မြန်မာပြည်၏ မတ်လ ၁၃ ရက်တွင် ကျရောက်သော လူ့အခွင့်အရေးနေ့တွင် မြန်မာနြိုင်ငံ  ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ အင်အားစုများက အထိမ်းအမှတ်အခမ်းအနားများ ကျင်းပကြသည်ကို တွေ့ရသည်။
  အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်၊ မြို့နယ် အချို့ရှိ မြန်မာမိသားစုများ၊ မြန်မာ့အရေးလှုပ်ရှားသူများကလည်း အခမ်းအနားများ ကျင်းပကြရာ ဆန်ဖရန်ဘေးဧရိယာရှိ BADA အဖွဲ့၊ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ရှိ မြန်မာအရေးလှုပ်ရှားသူများ၊ West Virginia ပြည်နယ်၊ Moore Field ရှိ မြန်မာအရေးလှုပ်ရှားသူများ ၏ အခမ်းအနားလှုပ်ရှားမှု ဓာတ်ပုံများကို တင်ဆက်လိုက်ပါသည်။

ဘတ်ဖဲလိုးမြို့ အခမ်းအနား မြင်ကွင်း
 
မိုးရ်ဖီးလ်မြို့ အခမ်းအနား မြင်ကွင်း
လွန်ခဲ့သည့် ၂၃ နှစ် ၁၉ ၈၈ မတ်လ ၁၃ ရက်နေ့တွင် မြန်မာပြည်၏ မဆလတပါတီ အာဏာရှင်များ၏ အကြမ်းဖက် နှိမ်နှင်းမှုကြောင့် စက်မှုတက္ကသိုယ်ကျောင်းဝင်းတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူ ကျောင်းသူ ကျောင်းသားများ ဖိနှိပ် ဖမ်းဆီး သတ်ဖြတ်ခြင်း ခံခဲ့ကြရာတွင် ကျောင်းသား ကိုဖုန်းမော်လည်း တဦး အပါအ၀င်ဖြစ်သည်။ ထိုကျောင်းသားအရေးအခင်းမှသည် တပြည်လုံးရှိ လူထုတရပ်လုံး၏ အာဏာရှင်စနစ်ကျဆုံးရေး လူထုအရေးတော်ပုံကြီးဖြစ်သော ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီး မဆလတပါတီ အာဏာရှင်တို့ကို ဖြုတ်ချနိုင်ခဲ့သည်။
 ထို မတ်လ ၁၃ ရက်နေ့ကို ၁၉ ၈၉  နှစ်ပတ်လည်တွင် မြန်မာပြည်၏ လူ့အခွင့်အရေးနေ့အဖြစ် အများပြည်သူက သဘောတူ သတ်မှတ်ခဲ့သည်။ နှစ်စဉ် အခမ်းအနားများ ကျင်းပပြီး အာဏာရှင်အဆက်ဆက်အား ရှုတ်ချခြင်း၊ ဒီမိုကရေစီရေး လှုပ်ရှားမှုများဖြင့် မြန်မာပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများက အထိမ်းအမှတ်များ ပြုလုပ်ခြင်းတို့ ဆောင်ရွက်လျက် ရှိသည်။ ယခု ၂၀၁၁ တွင် နှစ်ပတ်လည် ၂၃ နှစ် ရှိပြီ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts