>view after earthquake in Japan

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ဂျပန်ငလျင်နောက်ဆက်တွဲ
ဓာတ်ပုံသတင်း
မတ် ၁၃၊၂၀၁၁

ဖူကူရှီးမား (Fukushima) နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှု ဖြစ်နေပုံ (ဓာတ်ပုံ – gakuranman)


ဂျပန် စံတော်ချိန် နေ့ ၂း၀၀ နာရီ –
ထိုစက်ရုံတည်ရှိရာ ဒေသအတွင်း နောက်ဆုံး စစ်ဆေးချက်များအရ လူ ၉ ဦး၏ အရေပြား၊ အ၀တ်အစားတို့တွင် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည် အဆိပ်သင့်မှု အများအပြား တွေ့ရသည်ဟု ဂျပန်အစိုးရ ပြောရေး ဆိုခွင့်ရှိသူ
Yukio Edano က ပြောဆိုကြောင်း CNN တွင် ဖော်ပြထားသည်။ ဓာတ်ရောင်ခြည်သင့်မှုက ကိုယ်အတွင်းပိုင်းထိ ရောက်မရောက်ကို ဆရာဝန်တို့က ဆက်လက် စစ်ဆေးနေသည်။

ငလျင်မလှုပ်မီက တွေ့ရသည့် နျူကလီးယား စွမ်းအင်သုံး စက်ရုံ (gakuranman)

ငလျင်ဒဏ်ခံရသူများကို ကူညီရေးအတွက် အလှူငွေ ကောက်ခံနေသော ဂျပန် ကွန်မြူနစ်ပါတီ အဖွဲ့ဝင်များ (getty images)

အီဘာရာကီ ဒေသတွင် မီးလောင် ပျက်စီးသွားသော ကားများ။
ယခင်က ထိုကားများကို ပြည်ပပို့ရန် စုဝေး ရပ်နားထားခြင်းဖြစ်သည်။
(getty images)

ရှီယိုဂါမာမြို့တွင် အစားအစာနှင့် နေ့စဉ်သုံး ပစ္စည်း ၀ယ်ယူရန် တန်းစီနေသူများ (getty images)

နေ့လယ် ၂း၂၀ – အမေရိကန် လေယာဉ်တင်သင်္ဘော USS Ronald Reagan သည် ဟွန်ရှူးကျွန်းအနီးသို့ ရောက်ရှိပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အစပြုနေပြီဟု CNN က ဆိုသည်။ (getty images)

ဖူကူရှီးမားရှိ ကုန်စုံဆိုင်တွင် ပစ္စည်းများ ပြောင်တလင်း ခါနေပုံနှင့် ဈေးဝယ်သူ ၂ ဦး (getty images)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts