>Letters – Name Change in Burma – General becomes President ?

>

စစ်ကောင်စီကို ပြည်ထောင်စုအစိုးရအဖြစ် နံမယ်ပြောင်းခေါ်တော့မယ် ဆိုပါ့ကလား
မောင်ဂဏန်းစိန် (နေပြည်တော်)
မတ် ၁၀၊ ၂၀၁၁
အခုထွက်လာတဲ့ နိုင်ငံတော်ပြန်တမ်းကို ခင်ဗျားတို့ဝက်ဆိုက်တွေ၊ နွားဆိုက်တွေမှာ တွေ့ရလို့ အသေးစိတ် ဖတ်ရသဗျာ။ ကာလနာတိုက်ထားတဲ့ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ လွှတ်တော်ကြီးလည်း မြွေကိုက်နေပါလားဗျို့။
အဲသည်မှာ ဥပဒေအမှတ် ၁၁၊ ၂၀၁၁ – နအဖ စစ်ကောင်စီရဲ့ စကားရပ်များ အစားထိုးခြင်းဆိုင်ရာ ဥပဒေကို ဖတ်ပြီး ခေါင်းနပမ်းကြီးသွားလို့ စာရေးလိုက်ပါတယ်။ သူတို့အဆိုအရကတော့ အခြေခံဥပဒေ အာဏာတည်သည့်နေ့မှစ၍ “စကားရပ်များ အစားထိုးခြင်းဆိုင်ရာ” ဥပဒေဖြင့် “အမည်များ၊ အမိန့်များ”ကို အစားထိုးအတည်ပြုတော့မယ်လို့ ဆိုထားသကိုး။
ဥပမာ – နအဖ စစ်ကောင်စီ အစား ပြည်ထောင်စုအစိုးရအဖွဲ့ ဟု အစားထိုး ခေါ်ဝေါ်ရန်
နအဖ ဥက္ကဋ္ဌ အစား နိုင်ငံတော်သမ္မတ ဟု အစားထိုး ပြောင်းလဲ လိုက်ရန်လို့ ရေးထားတော့ –
လက်ရှိ နအဖ စစ်ကောင်စီကြီးကို ပယ်ဖျက်လိုက်ပြီးမှသာ ပြည်ထောင်စုအစိုးရအဖွဲ့ဆိုတာကို အစားထိုး ခန့်အပ် ပြောင်းလဲခေါ်ဝေါ်တာ လုပ်သင့်တယ် မဟုတ်ဘူးလားဗျာ။
ဒီဥပဒေအရဆိုရင်ဖြင့် လက်ရှိ စစ်ကောင်စီကို မဖျက်ဘဲနဲ့ ပြည်ထောင်စုအစိုးရလို့သာ အစားထိုး ခေါ်ဝေါ်လိုက်မယ်သာဆိုရင် …
“ ဟဲ့ကောင် … သမ္မတကြီးရေ” လို့ လှမ်းခေါ်လိုက်ရင်
မောင်သန်းရွှေ ကော၊ မောင်သိန်းစိန် ကပါ တပြိုင်နက်တည်း “ခင်ဗျာ … ခင်ဗျ …” လို့ ထူးကုန်ကြရင် မခက်ပါလားဗျာ။
          သေချာဖတ်ကြည့်ပါဗျာ။ ကျနော် လက်ယားပြီး ခြေထိုးသလို ဥပဒေက ရေးထားတာ မဟုတ်လောက်ဘူး ထင်ပါတယ်။ ခင်ဗျားတို့ကို ဉာဏ်စမ်းလိုက်တာပါ။
          လုပ်မလားဗျာ … ဗိုလ်သန်းရွှေက။ သူ့နာမယ်ကို သိန်းစိန် လို့ ပြောင်းလဲ အစားထိုး ခေါ်ဝေါ်ခွင့် ပြုပါ့မလား။ မသာကာ … သမ္မတမှူးချူပ်ကြီး သန်းရွှေ ဟု အစားထိုး ပြောင်းလဲ ခေါ်ဝေါ်ရန် အမိန့် သတ်သတ် ထုတ်မှာပေါ့။ နော် … နော် …
          (ဖိုင်လေးတွေ အပျင်းပြေကြည့်ရအောင် ထည့်ပေးလိုက်တယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts