>2nd Week of March 2011 – Burmese Journal Digest

>

ဂျာနယ်ဒိုင်ဂျက် – မတ်လ၏ ဒုတိယပတ်၊ သတင်းခေါင်းစဉ်များ
ဂျာနယ်ဂြိုဟ်သာဂိ
မတ် ၁၀၊ ၂၀၁၁
ဂျာနယ်တွေ ဖြတ်စညှပ်စတွေ ပုံနေတာ ကြာပြီ။ ဂျာနယ်ဖြတ်စရေးတဲ့သူတွေကလည်း အပြိုင်အဆိုင် ဖြစ်လာတယ်။ အီးမေးထဲကနေ ဂျာနယ်တွေကလဲ ပလူပျံလို့။ ဒါကြောင့် ဂျာနယ်တွေ ကောက်နုတ်စရာ မရှိဘူးလို့ ပြောပြီး အချောင်ခိုမယ်လို့ပဲ။ သို့သော် မှတ်သားစရာ သိမ်းဆည်းထားစရာ သတင်းခေါင်းစဉ်တွေကြောင့် မတ်လအတွက် ဂျာနယ်ဒိုင်ဂျက်ကို အမြန်ဆုံး ချရေးပေးလိုက်တယ်။ နွားကျောင်းသားကိုဝင်းတို့ ၊ အဝေးကြည့်မှန်ပြောင်း (ရန်ကုန်) တို့နဲ့ အပြိုင်ပေါ့ဗျာ။ (ဟဲဟဲ) မဂ္ဂဇင်းဒိုင်ဂျက်ကော ဆွဲကြဦးမလားလို့ မေးကြည့်လိုက်ချင်သေး။
စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ်များမှာ …
မြန်မာ့အလင်းမှာ မောင်စူးစမ်း ဆောင်းပါးဘာလို့ ရေးသလဲ အင်တာဗျူး
သတ်မှတ်ထားသည့် နေ့ကြီးများတွင် အလံမလွှင့်ရင် ခရီးသည်တင်ယာဉ်တွေကို ဖမ်းပြီ
ဂီရိအလွန် ၆လ ဒိုင်ယာရီ – သီဟ။ (ရွာတွေမှာ ဆန်မရှိလို့ ဆန်အကျိုးတွေ ချက်စားနေရတယ်)
ဒေါ်လာဈေး၊ အက်ဖ်အီးစီဈေး ကျသော်လည်း သွင်းကုန်ဈေးမကျ
အထူးစီးပွားရေးဇုန် စီမံကိန်းများတွင် ပြည်တွင်းအလုပ်သမား အခွင့်အလမ်းမရှိဘူး တဲ့
လွှတ်တော်က ၀န်ကြီးဌာန ၃၄ ခု၊ ပြည်ထောင်စုဝန်ကြီး ၃၀ သတ်မှတ်မယ်
တမူးငလျင် ချင်းဒေသ လှုပ်ခဲ့သမျှ အင်အားအကြီးဆုံး
မြန်မာပြည်က အခါပေးပြက္ခဒိန်တွေ ကွဲလွဲမှုရှိနေ၍ သတိပေးခံရပြီ
အင်းတော်ကြီးအိုင်ရောက် ဆောင်းခိုငှက်များကို အဆိပ်ပစ်ပြီး ဖမ်းဆီး စီးပွားရှာနေပြီ
မီးမလာ၊ ရေမလာ၊ အင်တာနက်မရသည့် မြန်မာပြည်က မစားရ ၀ခမန်း ဆက်သွယ်ရေးဈေးကွက်များ အကြောင်း
အစိုးရအသစ် ကတိတည် မတည် စစ်မည့် ကော်မီတီ လွှတ်တော်က ဖွဲ့စည်းမည် ဆိုပဲ
သီရိမင်္ဂလာဈေး ဆိုင်ငှားခ ယခင်ကထက် ကျပ် ၂ သိန်း ဖိုး ပိုမိုမြင့်တက်
မြန်မာပြည်က လျှပ်စစ်ဓာတ်အား ဘင်္ဂလားဒေ့ရှိ ၀ယ်မည်၊ (မြန်မာတွေက တရုတ်ဓာတ်ဆီဖြင့် မီးထွန်းနေကြမည်)
ဒေါ်လာနွမ်းရင် လက်မခံ၊ ကျပ်ငွေ ဘယ်လောက်နွမ်းနွမ်း ဈေးသည်တွေက လက်ခံတယ်။ လာထား တဲ့။ (ငွေကြည် ကာတွန်း)
လုံခြုံလွန်းတဲ့ အင်တာနက်ဆိုင် – ညီင်္ညီဇော် (အင်တာနက်ဆိုင်များတွင် သီးသန့်လိုက်ကာခန်းများဖြင့် လူငယ်စုံတွဲများ သုံးစွဲနေကြပြီ။ အချို့နေရာများမှာ ဖက်ခေါင်းအုံးတွေပင် ထားပေးသည်ဟု သိရပါတယ် )
မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်ဟု စစ်ကောင်စီက စတင်ခေါ်ဝေါ်လိုက်ပါပြီ
မန္တလေး မစိုးရိမ်ရုပ်ရှင်ရုံကို ကျပ် သန်း ၅ ထောင် ပြီး လေလံချရောင်း (ဒေါ်လာ ၆ သန်း ပေါ့ဗျာ)
ပထမအကြိမ် လွှတ်တော်အစည်းအဝေးများကို အစိုးရအဖွဲ့ကြီး ပြီးသည်အထိ ကျင်းပမည် တဲ့ ဘယ်တော့ပြီးမယ် ဆိုတာ ဘယ်သူမှ မသိသေး။
မြန်မာ့ဆက်သွယ်ရေး ဆာဗာချို့ယွင်းမှုကြောင့် အင်တာနက် နှေးတာ ပါတဲ့။
ဘောဂဗေဒ ပါမောက္ခ ဦးသာထို – ဦးသက်ထွန်း
(မဟာကထိန်တော် အသင်းကြီး၊ မန္တလေး) စီးပွားကုန်သည် အသင်းကြီးက အသင်းရန်ပုံငွေများကို နိုင်ငံရေးပါတီများအတွက် သုံးစွဲခြင်း၊ လှူဒါန်းခြင်း မပြုကြောင်း စည်းကမ်းတွေ ထုတ်လိုက်ပြီ
မိုဘိုင်းဖုန်းများဖြင့် အင်တာနက်သုံးစွဲရန် ကဒ်လဲသူ အထူးများ၊ တမိနစ် ၄ ကျပ်နှုန်းနဲ့ သုံးနိုင်ပြီ။ ကြိုတင်ငွေဖြည့်ကဒ်များမှာ ကျပ် ၁သောင်း၊ ၃ သောင်း စသည်ဖြင့် ရှိသည်။
အင်ဒီအက်ဖ်ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဂျာနယ်တွေကို အမည်မဖော်ဘဲ စွပ်စွဲပြီ
နိုင်ငံတော်သီချင်းကြောင့် လူကုန်ကူးခံရသူ မြန်မာမိန်းကလေး ဌာနေသို့ ပြန်ရောက်
အွန်လိုင်းဈေးဝယ်ကဒ်နဲ့ မြန်မာအွန်လိုင်းမှာ ကျပ်ငွေနဲ့ ဈေးဝယ်နိုင်တော့မည် (စီးပွားပိတ်ခံထားရတဲ့ မြန်မာပြည်ကနေ ဗီဇာတွေ၊ မာစတာတွေ စတဲ့ ခရက်ဒစ်ကဒ်များ အွန်လိုင်းကနေ သုံးလို့ မရဟု သိရတယ်နော်။ သုံးမိရင် အမေရိကန်က ဘဏ်တွေက ချက်ချင်း အကောင့်ကို ပိတ်ပစ်လိုက်တယ်လို့ ဆိုတယ်။ သုံးတဲ့သူတွေကို လုပ်ငန်းရှင်တွေက တတိယနိုင်ငံတခုကနေ ကြားခံပြီး ငွေကို နှုတ်ယူတာလို့ ပြောသံကြားပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts