>cartoons of Kyaw Thu Yein

>

ကျော်သူရိန် ကာတွန်းများ
မတ် ၉၊ ၂၀၁၁

အင်တာနက်တွင် တွေ့ရသော ကျော်သူရိန်၏ ကာတွန်းတချို့ကို ကူးယူ ဖော်ပြပါသည်။ မှတ်ချက်တချို့ကိုလည်း ကူးယူပါသည်။

စာနယ်ဇင်းများတွင် ဖော်ပြခွင့် မရသဖြင့် အွန်လိုင်းသို့ ရောက်လာသော ကာတွန်းများလည်း ပါဝင်သည်။


စရဏ မှာ ဆင်ဆာ ထိခဲ့တဲ့ ပုံပါ..
ကျွန်တော့ကာတွန်းတွေ မှာ Personal ပုတ်ခတ် ပြီး ရေးတဲ့ ပုံ တစ်ပုံမှ မရှိပါဘူး.. ဒီပုံလည်း လူကြိုက်မများပါဘူး.. ဒီပုံကိုလည်း Personal ရည်ရွယ်ပြီး မရေးခဲ့ပါဘူး.. စကားပြောနေတဲ့ ဘောလုံးသမား ရဲ့ နောက်မှာ ရေမွှေးဆွတ်နေတဲ့ ဘောလုံးသမ…ား ရဲ့ ပုံပါ ပါတယ်.. အဲဒီ ဘောလုံးသမား တစ်ယောက်တည်းကို ရည်ရွယ် ထားတာ မဟုတ်ပါဘူး.. တကယ်တော့ လူတစ်ယောက်ရဲ့ နေထိုင်မှု ဟန်ပန် စတာတွေဟာ အဲဒီလူရဲ့ လွတ်လပ်စွာ ရွေးချယ်နေထိုင်ခွင့် ဆိုတာ ကျွန်တော် နားလည်ထားပြီးသားပါ.. သို့ သော် အဲဒီ အချိန်တုန်းက ဘောလုံးပွဲ ကြည့်နေတုန်းမှာ အားလုံးမြင်ကြတဲ့ အတိုင်းပဲ ဘောလုံးထက် ဘာကို ဦးစားပေးနေကြသလဲ… ဘောလုံးသမား ဟာ ဘောလုံးကို သာ အာရုံစိုက်သင့်တယ်.. အထူးသဖြင့် နိုင်ငံကိုယ်စားပြု တဲ့ အချိန်မှာ ပိုလို့ ကို အာရုံစိုက်သင့်တယ်..မဟုတ်လားဗျာ.. Beckham သည်လည်းကောင်း.. Rooney သည်လည်းကောင်း.. Ronaldinho သည်လည်းကောင်း.. ဘောလုံးကို ဂရုစိုက်ရမယ်.. အဲ.. ကွင်းပြင် က ဘ၀တွေ နဲ့ ပါတ်သက်လို့ ဘာမှ ဝေဖန်စရာ မရှိပေမယ့် ကွင်းအတွင်းမှာတော့ ကွင်းတွင်းထဲကလိုပဲ ပြုမူရမှာ မဟုတ်လား.. သူတို့ ဆီက Media တွေမှာလည်း ဒီလို ဝေဖန်တာတွေ ရှိနေပါတယ်..
ဒါပေမယ့် ဒီကာတွန်း ကို ရေးတဲ့ အချိန်မှာ ကျွန်တော် တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး ရေးခဲ့တာ မဟုတ်ပါ.. နောက်ပြီး ဆံပင် ရှည်ထားတဲ့ မြန်မာ ဘောလုံးသမား လည်း အများကြီး ပါပဲ.. နောက်တစ်ခုက အထင်ပေါ်ဆုံး ဆံပင်ပုံစံကို ရွေးပြီး ရေးရတာကိုတော့ နားလည်ပေးပါ ခင်ဗျာ..


ဒါလည်း စိစစ်ရေးက မကြိုက်တဲ့ပုံတွေ ထဲက တစ်ပုံ ပါပဲ..
ဒီပုံက ဆင်ဆာ ထိတယ်လို့ ကြားတယ်.. ပေးတုန်းကတော့ စရဏ အတွက်ပဲ.. ဘာကြောင့် ဆင်ဆာ ထိမှန်းကို ကျွန်တော် ဥာဏ်မမှီဘူး..
အရောင်တွေ ထပ်ဖြည့်လိုက်တာ..
၅၀၀၀ တန်တွေ စထုတ်တုန်းက ရေးထားတာ. ဂျာနယ်ပေါ်တော့ ရောက်မလာခဲ့ဘူး…Censor!! 😉
ဒါလည်း စိစစ်ရေး ကမကြိုက်တဲ့ ပုံတစ်ပုံပဲဗျ.. တွေး တော့ တွေး ကြည့် ဖို့ လိုမယ်ဗျ..
လွန်ခဲ့တဲ့ ၅ နှစ်လောက် က ဒီပုံကို ဆရာကိုတာ ရဲ့ စတိုင်သစ် ကို ပေးတယ်.. မပါဘူး.. ဒါနဲ့ ပြီးခဲ့တဲ့ နှစ်က The Voice ကိုပေးတယ်.. မပါဘူး.. ဒါနဲ့ ဒီနှစ် Eleven ကိုပေးလိုက်တယ်.. မပါဘူး.. ကျွန်တော်တော့ ပုံလေးက ကောင်းတယ်မြင်တာပဲ.. ဘယ်ဟာ က ဗွေဖောက်နေလဲ မသိပါဘူး ဗျာ..
အပိုဝင်ငွေလေး ရအောင် ကာတွန်းဆွဲခါမှ ဆင်ဆာ ထိသွားတယ်.. မလွယ်ဘူးဗျာ.. ရုန်းရ ကန်ရ တာ..
ရွေးကောက်ပွဲ မတိုင်ခင် ၂ ရက် အလို မှာ ဒီပုံကို ရေးခဲ့ပါတယ်..


၁ လ ကျော်ကြာ ဆင်ဆာ တွေ အလူးအလဲ ထိပြီးတဲ့နောက် ဒီပုံလေး စာမျက်နှာပေါ် ပြန်ရောက်လာပါတယ်.. ရွေးကောက်ပွဲ အပြီး ၁ ပတ် အကြာမှာ ဒီပုံကို ရေးပါတယ်..


19 people like this.

Apk Cartoonist
ရေ = ကြိုတင်- – –

ဂျာနယ်မှာတော့ ဖတ်ရမှာ မဟုတ်ဘူးဗျ..
တကယ်တော့ ဒီပုံက မနှစ်က အကယ်ဒမီ ပေးပွဲ မှာ ကတည်းက ရေးထားခဲ့တာ ပါ.. The Voice မှာ ဆင်ဆာ ထိခဲ့တာကြောင့် Eleven ကို ဒီနှစ် အကယ်ဒမီ မတိုင်ခင် ပေးထားခဲ့ပါတယ်.. ဒါပေမယ့် ခုချိန်ထိ ဂျာနယ် မှာ မသုံးသေးတာကြောင့်.. တင်လိုက်ပါတယ်..
မြင်နေကြပုံ မျိုး တော့ မဟုတ်ဘူး.. ဒါပေမယ့် မြင်နေကြ အဖြစ်မျိုး ပါပဲ..

ကိုယ်တိုင် ရေးပြီး ကိုယ်တိုင်လည်း သဘောကျလို့ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက မဂ္ဂဇင်း ၂ခု၊ ဂျာနယ် ၂ ခု ကို ပို့ ခဲ့ ဘူးပေမယ့် (အယ်ဒီတာ ဆရာများ ကိုယ်တိုင် ကြိုက်သည့်တိုင်အောင် ) စာမျက်နှာ ပေါ်ကို ရောက်ခွင့် မရတဲ့ ပုံ ပဲ ဖြစ်ပါတယ်.. စိတ်တော့ မလျှော့သေးဘူး..
————- end ————–


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts