>Kama Pale – Poem in Need

>

လွမ်းလွန်လွန်းလို့ ရေးလိုက်တဲ့ကဗျာ
ကမာပုလဲ
မတ် ၇၊ ၂၀၁၁
ခွက်တလုံးကို ငါ့ရှေ့မှာချပြီး
တည်ငြိမ် ခိုင်မြဲစွာ ငါထိုင်နေတယ်။
မင်းကတော့ ငါ့ကို
သူတောင်းစား တကောင်လို့ ထင်တော့မှာပဲ။
အရွေ့ဟာ ငါ့ကို ခုထိ
ရင်မခုန်နိုင်သေးဘူး။
ငါ့အိပ်မက်တွေ …
မင်းနဲ့တွေ့တဲ့အခါ
ငါ့အကြောင်းကို မင်းသိချင်သမျှ
စစ်ထုတ်မေးမြန်းနိုင်ပါတယ်။
ငါကတော့
သစ်ကောင်းအိမ် ပြောခဲ့သလို
ကိုယ့်အကြောင်း ကိုယ်မပြောကြေး … ။
သိပ်သတိရတာပေါ့
သောက်ရေသန့် တဆယ်ဘတ်တန်ကို
တန်ရာတန်ကြေး ပေးပြီး ၀ယ်မသောက်နိုင်တဲ့ ညတွေမှာ …။    

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts