>Greedy restaurant outrages Buddhists

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

လန်ဒန် စားသောက်ဆိုင် အမည်ကြောင့် မြန်မာ နှင့် အာရှသံရုံးတချို့ ခေါင်းချင်းရိုက်
မိုးမခအထောက်တော် အမှတ် ၀၀၆
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၁

(ဓာတ်ပုံ-Robin W)


လန်ဒန်မြို့ သီရိလင်္ကာသံရုံးက ထိုင်း၊ မြန်မာ၊ နီပေါသံရုံးများကို ဖိတ်ခေါ်ပြီး စီးပွားရေးလုပ်ငန်းများတွင် ဗုဒ္ဓရုပ်ပွားတော်၊ ပုံတော်အသုံးပြုခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း asiantribune.com တွင် ကြာသပတေးနေ့က ရေးထားသည်။

ထိုသို့ ဆွေးနွေးကြောင်းကို ယနေ့ထုတ် Daily Mirror သတင်းစာတွင် ယနေ့ ဖော်ပြထားကြောင်း BBC က ထုတ်လွှင့်သွားသည်။

အစားမက်တဲ့ ဗုဒ္ဓ Greedy Buddha ဟု အမည်ပေးထားသည့် လန်ဒန်မြို့ Fulham အရပ်မှ စားသောက်ဆိုင်နှင့် ပတ်သက်ပြီး အဓိကထား ပြောဆိုကြသည်ဟု ဆိုသည်။

ဆိုင်ပိုင်ရှင်ကို ယဉ်ကျေးမှု၊ ဘာသာရေး အသင်းအဖွဲ့များက စုပေါင်း၍ဖြစ်စေ၊ တဖွဲ့ချင်းဖြစ်စေ စာရေးသား ကန့်ကွက်ရန် တိုက်တွန်းမည်ဟု ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြသည်။

ဆိုင် ဖေ့ဘုတ်တွင် တွေ့ရသော လိုဂို

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts