>More Unrest to Dictators in Arab and North Aferica World

>

အာဖရိကနဲ့ အာရပ်နိုင်ငံများ လူထုအုံကြွမှု အရှိန်ရ၊ အာဏာရှင်တို့က တင်းမာစွာ တုန့်ပြန့်
မိုးမခအထောက်တော် ၀၀၃
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၁
အီဂျစ်ပြည်တွင် လွန်ခဲ့သည့် ရက်သတ္တပတ်က အာဏာရှင် မူဘာရက် (၁၉၈၁) ကို လူထုအုံကြွမှုဖြင့် ဖြုတ်ချခဲ့ပြီးနောက် မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများရှိ အာဏာရှင်နိုင်ငံများတွင် အထွေထွေကြပ်တည်းမှုကို မခံမရပ်နိုင်သော ပြည်သူလူထုက အစိုးရကို ဆန့်ကျင်အုံကြွမှုများ ဖြင့် ပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုလာကြသည်ကို တွေ့ရသည်။
အထူးသဖြင့် တူနီးရှားသမ္မတ ဘင်အလီ (၁၉၈၇) နှင့် မူဘာရက် (အီဂျစ်) တို့ကို လူထုအုံကြွမှုများဖြင့် ဖြုတ်ချခဲ့သည်ကို သင်ခန်းစာယူပြီး ယီမင်၊ ဘာရိမ်း၊ လစ်ဗျား နှင့် အီရန်တို့တွင် အစိုးရဆန့်ကျင်မှုများ စတင်လှုံဆော်ခဲ့ကြရာတွင် စစ်အစိုးရများ၊ အာဏာရှင်အစိုးရများက စစ်တပ်နှင့် လက်နက်ကိုင်တပ်များဖြင့် အင်အားသုံး ချေမှုန်းခဲ့ကြသည်။
အီရန်သမ္မတ အမတ်ဒင်နာဂျပ် (၂၀၀၅) အစိုးရကို ဆန့်ကျင်သည့်ဆန္ဒပြပွဲတွင် လူ ၂ ဦးကို အရပ်ဝတ်စစ်ပုလိပ်များက ပစ်သတ်ခဲ့သည်။ လက်ရှိတွင် အတိုက်အခံခေါင်းဆောင် ၂ ဦးကို အဆုံးစီရင်ရန် အီရပ်အာဏာပိုင်တို့က တောင်းဆိုလှုံဆော်လျက်ရှိသည်။
လစ်ဗျားတွင် အာဏာရှင် ကဒါဖီ (၁၉၆၉) ကို ဆန့်ကျင်ကန့်ကွက်ကြရာ ကဒါဖီက အစိုးရရုပ်သံတွင် ဆန္ဒပြသူများကို ပြည်ပအားကိုးများ၊ အစွန်းရောက်များ၊ အကြမ်းဖက်များ၊ စသည်ဖြင့် စွပ်စွဲ ပြီး ဆဲဆို ကြိမ်းမောင်း ခြိန်းခြောက်ခဲ့သည်။
ယီမင်တွင်လည်း လူထုဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်နှိမ်နှင်းရာတွင် လူတဦး သေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ သမ္မတအဘူဒါဆာလေး (၁၉၉၀) ၏ အာဏာပိုင်များက အစိုးရလစာများ တိုးပေးမည်၊ ဘွဲ့ရပညာတတ်များအတွက် အလုပ်အကိုင် ၆ သောင်း ကျော် ရှာပေးမည်ဟု စေ့စပ်ခဲ့သည်။
ဘာရိမ်းနိုင်ငံ၊ မြို့တော်တွင် မြို့တော်ရင်ပြင်မှာ စုဝေးနေသော ဆန္ဒပြသူများကို အစိုးရက နံနက်ခင်းတွင် အလစ်ဝင်စီးပြီး တိုက်ခိုက် ရှင်းလင်းခဲ့သည်။ လူ ၅ ဦး သေဆုံးပြီး လူ ၂၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ဘုရင် ခါလီဖာ (၁၉၉၉) ၏ အစိုးရ တင့်ကားများဖြင့် ၀င်ရောက် ပိတ်ဆို့ပြီး လက်နက်မဲ့ဆန္̔ဒပြသူများကို မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက နိုင်ငံရေးဖြင့် ဖိအားပေးပြီး အဆိုပါနိုင်ငံအစိုးရများက အကြမ်းဖက်ဖြေရှင်းမှုများ မလုပ်ရန် တောင်းဆိုလျက်ရှိသည်။ အဆိုပါ အစိုးရများ၊ ၎င်းမဟာမိတ်များနှင့် အိမ်နီးချင်းနိုင်ငံများကိုလည်း တောက်လျောက် ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်ထားပြီး ဆွေးနွေးမှုများ၊ ညှိနှိုင်းမှုများ ပြုလုပ်နေသည်။
     ယမန်နေ့က ထူးခြားသော မူဝါဒ ချည်းကပ်မှုတခု  အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လရီကလင်တန်က ဒေါ်လာ ၂၅ သန်းဖိုးအထိ နည်းပညာသုတေသနလုပ်ငန်းများတွင် မြုပ်နှံမည်။ ထိုနည်းပညာများဖြင့် အဖိနှိပ်ခံ ပြည်သူများဖက်က ကာကွယ်မည့်၊ ဆက်သွယ်ရေးပွင့်လင်းမှုများ တည်ဆောက်နိုင်မည့် ၀န်ဆောင်မှုများကို အားပေးမည်ဟု ဆိုလိုက်သည်။ ယခုပြည်သူတို့ ကိုင်စွဲနေသော အင်တာနက်နှင့် ဆက်သွယ်ရေးလက်နက်များမှာ ပုဂ္ဂလိက၀က်ဆိုက်များဖြစ်သော ဖေ့စ်ဘွတ်နှင့် တွစ်တာတို့ ဖြစ်နေပြီး အစိုးရနှင့် ပတ်သက်သော ဆက်သွယ်ရေးနည်းပညာများ၊ ၀န်ဆောင်မှုများကို ပြည်သူတို့က လက်လှမ်းမမီခဲ့ပေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts