>journal pieces on Feb 18

>

နှင်းဝတ်ရည်သောင်း ၊ သိပ္ပံဇော်ဂျီ နဲ့ ဘေဘီဖိုက်တာ
နွားကျောင်းသား ကိုဝင်း
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၁


အလင်းတန်းဂျာနယ်များ (ဖေဖော်ဝါရီ ၇၊ ၁၄)


နှင်းဝတ်ရည်သောင်း မင်္ဂလာပွဲ လာတော့မည်
နှင်းဝတ်ရည်သောင်း စွံပါပြီ။ သတင်းထဲ ဖော်ပြထားချက်အရ ဆိုရင် အင်္ဂါနေ့က စေ့စပ်ပွဲတောင် ပြီးသွားပြီပေါ့။ လက်ထပ်ပွဲကတော့ ထိုင်း နဲ့ အင်္ဂလန်မှာ ဆိုပဲ။


ဝင်းဖေမြင့်ရဲ့ ထူးခြားတဲ့ ပြပွဲ
ပုံတူ ၁၀၀ တဲ့။
ကိုယ်တိုင်ရေးပုံတူတောင် ပါသေးတယ်။

မြန်မာ့ရုပ်သေး
ရှားပါးလာတဲ့ ရုပ်သေးအဖွဲ့တွေထဲက တဖွဲ့အကြောင်း ရေးထားတယ်။

အသံချဲ့စက်
မြန်မာတို့ရဲ့ “လော်” ယဉ်ကျေးမှုအကြောင်း သိကောင်းစရာ။

ဖတ်လို့ ကောင်းတယ်။


ဝိဇ္ဇာဇော်ဂျီမဟုတ်၊ သိပ္ပံဇော်ဂျီ
သားစိုးပြောတဲ့ ဇော်ဂျီ အကြောင်း။

ပါဝါ အများကြီး ရှိတဲ့ ဇော်ဂျီဟာ မြန်မာစူပါမင်း တဲ့။
ဒီနှစ်ထဲ မြန်မာစူပါမင်း ဇာတ်ကားကို အသက်သွင်းတဲ့အခါ သူကိုယ်တိုင် ၀င်ပြီး သရုပ်ဆောင်မယ်လို့ သတင်းမှာ ရေးထားတယ်။


ထွန်းထွန်းဝင်း အင်တာဗျူး
မင်းသား ဖြစ်ဖို့ လူပေါင်း ၈၀၀ ကျော် ၀င်ပြိုင်တာ အရွေးခံရတဲ့ ထွန်းထွန်းဝင်းနဲ့ အင်တာဗျူးပါ။ သူတို့ခေတ် ရုပ်ရှင်လောကအခြေအနေကို လေ့လာလိုသူတွေ၊ သူ့ပရိသတ်တွေ ဖတ်သင့်ပါတယ်။
စာ ၁

စာ ၂
စာ ၃

ဆရာ ဆရာမတချို့ဟာ ဘေဘီဖိုက်တာ
ဘေဘီဖိုက်တာ ဆောင်းပါး၊ အရမ်း ကောင်းတယ်။ တွေးစရာ၊ ရယ်စရာတွေ၊ ဆွေးနွေးစရာတွေ တွေ့ပါလိမ့်မယ်။


The Voice Weekly ဂျာနယ် (ဖေဖော်ဝါရီ ၁၄)


ချင်းပြည်နယ်ကို လှူကြမလား
ဒီ NGO ကို ကြော်ငြာပေးတာတော့ မဟုတ်ပါဘူး။ ပြည်ပရောက် ချင်းတိုင်းရင်းသားတွေ အများအပြား ရှိတာမို့ ကူညီချင်ရင် ကူနိုင်ဖို့ လက်တို့ လိုက်တာပါ။

ဆရာမ နန်းသန်းသန်းအေး
တောင်ကြီးသူ သားဖွားဆရာမရဲ့ သတင်းကောင်း။ ဘာကြောင့် ကမ္ဘာ့ထူးချွန်ဆုရတယ် ဆိုတာကို ရေးထားပါတယ်။

ကိုယ့်မျက်လုံးကို ကိုယ်သနားပါ
ကွန်ပျူတာရှေ့က စာဖတ်ပရိသတ်၊ နိုင်ငံရေးသမား၊ အိုင်တီသမားတို့အတွက် အသုံးဝင်မယ့် အရာလေးကို ညွှန်းထားပါတယ်။


၇၀ ကျော်တွေကို ကူညီခြင်း

ဘိုးဘွားရိပ်သာတွေမှာ နေခွင့်ရတဲ့ ဘိုးဘွားတွေ ၃၀၀၀ ပဲ ရှိတယ်။ နေခွင့်မရတဲ့ ဘိုးဘွားပေါင်း ၅ သိန်းကျော် ရှိတယ် တဲ့။ ဒီဆောင်းပါးမှာတော့ ဘိုးဘွားတချို့ကို အိမ်တိုင်ယာရောက် ကူညီနေပုံတွေ အကြောင်း ဖတ်ရပါမယ်။


ကိုရီးယားရောဂါ

ဒီတခါတော့ တောင်က လာတဲ့ ရောဂါ မဟုတ်ပါဘူး။ မြောက်က လာတာပါ။
ရောဂါ ဆိုပေမယ့် ကျန်းမာစေတယ် တဲ့။


အရောင်းအ၀ယ် အေး
ရွှေဆိုင် အရောင်းကျတယ် ဆိုတဲ့ သတင်း။

ဖတ်ဖို့ မဟုတ်ပါ။ ပုံ ကြည့်ဖို့ပါ။


တရုတ်ပြည်က ၂၁ ရာစု တံတိုင်း

သူခိုး မ၀င်အောင် ဆောက်ထားတယ် ဆိုတဲ့ တံတိုင်း သတင်း။
စိတ်ဝင်စားစရာပဲ။ ဓာတ်ပုံတွေထည့်လိုက်ရင် ပို မိုက်မယ်။

အင်တာနက်မှာ ရှာကြည့်တော့ ဟောသလိုတွေ့ရတယ်။ ကလစ်ပြီး ကြည့်ကြပါအုံး။
တကယ့် ဂရိတ်ဝေါ
ရွာအုတ်တံတိုင်းထဲ ၀င်ဖို့ ဂိတ်မှာ ဟောသလို
သြော် – ဒါက ရွာ တဲ့။


အိုဘားမား ဆေးလိပ်ဖြတ်ပြန်ပြီ

ဒါလည်း ကမ္ဘာ့သတင်းပဲ။ စိတ်ဝင်စားစရာ ကောင်းလို့  ဖြတ်ထည့်ပေးတာပါ။


အိုဘားမား မိန့်ခွန်း

ဒီလူကြီး ဘာတွေပြောသလဲ သိလိုသူများ ရှိမယ် ထင်လို့။


ဒါဖတ်ပြီးမှ ဖုန်းဝယ်ပါ

မြန်မာပြည် လက်ကိုင်ဖုန်းမျိုးစုံအကြောင်း။


ဖြစ်ချင်စိတ် အဓိကကျတယ် ဆိုတဲ့ သဉ္စာဦး

ဒီ နောက်ဆုံး ဖြတ်စကတော့ အားကျစရာ လူငယ်တယောက်ရဲ့ ပြောပြချက်တွေ ဖြစ်ပါတယ်။








သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts