>The Photo News on NLD’s 64th Union Day

>

၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ရုံးချုပ်တွင် ကျင်းပ
မိုးယံမခ
ဖေဖော်ဝါရီ ၁၃၊ ၂၀၁၁
ယမန်နေ့ မနက် ၉  နာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ရွှေဂုံတိုင် ရုံးချူပ်မှာ နွေဦးအိုးဝေ နံရံကပ်စာစောင် ဖွင့်ပွဲနဲ့ နံနက် ၁၁ နာရီ မှာ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

  

 

 နွေဦးအိုးဝေ နံရံကပ်စာစောင်ကို အင်န်အယ်ဒီ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဦ၀င်းတင်တို့က ဖွင့်လှစ်ပေးပါတယ်။ နံရံကပ်စာစောင်မှာ ၀တ္ထု၊ ကဗျာ၊ ဆောင်းပါးများ ပါဝင်ပြီး အင်န်အယ်ဒီပါတီဝင်များသာမက စာပေလောကက စာပေသမားများ၊ အနုပညာရှင်များ ပါဝင်ရေးသားကြပါတယ်။ 
 
နံရံကပ်စာစောင်ဖွင့်ပွဲ အပြီးမှာ ဖျော်ဖြေရေးအစီအစဉ်များနဲ့ တင်ဆက်ခဲ့ကြပါတယ်။

         ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က အမှတ်တရစကား ပြောကြားခဲ့ပြီး အခမ်းအနားမှူးက နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း အသိးသီးက ပေးပို့တဲံ သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ပါတယ်။ အင်န်အယ်ဒီရဲ့ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်ကိုလည်း ဖတ်ကြားခဲ့ပါတယ်။

 “ကျမတို့ နိုင်ငံရေးနယ်ပယ်ကို ကျဉ်းမြောင်းအောင် လုပ်ထားရင် ညီညွတ်ရေးလမ်းကို ရရှိဖို့ ပိတ်တာနဲ့ အတူတူပါပဲ။ အားလုံးဟာ နိုင်ငံရေး ကျယ်ပြန့်အောင်လုပ်ပြီး ညီညွတ်ရေးကို တည်ဆောက်ရမယ်”
လို့ ဒေါ်အောင်ဆန်းစုကြည်က အမှာမှာ ပြောကြားခဲ့ပါတယ်။

    

        အင်န်အယ်ဒီရဲ့ ကြေညာချက်မှာ …
       ပင်လုံစာချူပ်ပါ တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးမှာ ယခုအခါ ခံစားခွင့် မရှိသေးတဲ့အတွက် ဒုတိယပင်လုံ စာချူပ် ချူပ်ဆိုရန် လိုအပ်ဆဲ အခြေအနေ ဖြစ်တဲ့အတွက် အမျိုးသားပြည်လည် ရင်ကြားစေ့ရေး နဲ့ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ လွှတ်ပေးရေးတို့ကို တောင်းဆိုထားကြောင်း သတင်းရရှိပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts