>Burmese Kids in LA learn to speak, read & write Burmese for 1 year


>

 
မြန်မာစာ ရေးဖတ်ပြော သင်တန်း တနှစ်ပတ်လည် ရန်ပုံငွေပဒေသာပွဲ LA မှာ ကျင်းပ
မိုးမခအထောက်တော် အယ်လ်အေ
ဇန်န၀ါရီ ၁၉ ၊ ၂၀၁၁
ဇန်န၀ါရီ ၁၆ ညနေခင်းက အယ်လ်အေမြို့က တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်း (မြန်မာစာပေပြန့်ပွားရေး ကော်မီတီ)၏ မြန်မာစာ အရေးအဖတ်အပြော သင်တန်း ၁ နှစ်မြောက် နှစ်ပတ်လည် ရန်ပုံငွေပဒေသာ ကပွဲကို အယ်လ်အေမြို့ရှိ အောင်ဇေခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
           မြန်မာစာ သင်တန်းက ကျောင်းသူ၊ ကျောင်းသားများက တပင်တိုင်ယိမ်းအက၊ ကရင်ဒုံးယိမ်းအက၊ ခေတ်ပေါ် မြန်မာတေး၊ အနောက်တိုင်းတေး၊ ကျောင်းသားမိဘများ၏ အကနှင့် လူရွှင်တော် အငြိမ့်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။
တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာအသင်းကြီး၏ မြန်မာစာသင်တန်းကို ၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှ စတင် ဖွင့်လှစ်ပြီး စေတနာ့ဝန်ထမ်း ဆရာမ ၆ ဦးတို့က အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စာသင်ချိန် ၄ နာရီ ခန့်ဖြင့် မြန်မာစာ အရေး အဖတ် အပြောတို့ကို သင်ကြားပေးခဲ့သည်။ သင်တန်းသား ဦးရေ ၄၀ ခန့် တက်ရောက် သင်ကြားလျက်ရှိသည်။ အသင်းကြီးက အခြား အားကစားအခြေခံသင်တန်းများဖြစ်သည့် စာပွဲတင်တင်းနစ်၊ တင်းနစ် သင်တန်းများကိုလည်း အခမဲ့ သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း သိရသည်။

(သင်တန်းဆင်းပွဲက ဓာတ်ပုံများ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts