>Journal pieces on Jan 15

>

တရုတ်ပြည် လင်းထိန်ဖို့ ဗိုလ်ချုပ်ဘဏ်
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဇန်န၀ါရီ ၁၅၊ ၂၀၁၁


True News ဂျာနယ် (ခေါ်) သစ္စာဂျာနယ် [ဇန်န၀ါရီ ၁၁]


မင်္ဂလာရယ်တဲ့ အပြိုင်ဆောင်မယ်..

ပြေတီဦးတို့စုံတွဲ က တပွဲပြီးတပွဲ..နွှဲပြီးရင်းနွှဲ နေတဲ့အချိန်နဲ့မှ.. တိုက်တိုက် ဆိုင်ဆိုင် တမင်ဘဲလား မတော်တဆလား မသိ.. သစ္စာဂျာနယ်က.. တို့..လိုက်ပုံလေးက ယဉ်သကိုး..ဗျ..။

မင်္ဂလာချင်း တူပေမယ့် ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အခြေခံ လူတန်းစားတို့ ရဲ့ ၇၀ ပြည့်နှစ်များ ဆီက မင်္ဂလာပွဲလေးအကြောင်း ရေးထားတာလေးဗျာ.. တကယ်ပါ.. ဟတ်ထိတယ်..ဆိုတာ ဒါကိုခေါ်တာနေမှာ.. ဖတ်ရတာ ရင်ထဲမှာ ဟာcနဲပါ..။ ခုခေတ်လဲ ဒီအတိုင်းဘဲ မပြောင်းလဲ နိုင်ဘူး ထင်ပါတယ်ခင်ဗျ..

အခြေခံလူတန်းစားတို့ ဘ၀တွေကို.. ပြောပါတယ်..။ စီဘီဘဏ်ဥက္ကဋ္ဌ ကတောင် ဂုဏ်ပြုမင်္ဂလာစကား ပြောကြားခံရတဲ့ ဟိုစုံတွဲ.. ဒီဆောင်းပါးလေး ဖတ်မိရင်.. ဘယ်လိုများ ထင်မြင်ချက်ပေး မလဲ သိချင်သားဗျို့.။ အကျိုးပေး ပေါ့လေ လို့ ခတ်မော့မော့ ပြောလေဦးမလား..။ ယှဉ်ကြည့်နိုင်အောင်.. နှစ်ပုဒ်တွဲပြီး တင်ပေးလိုက်ပါတယ်.. ဖတ်ကြည့်ပါဦး။




တရုတ်ပြည် လင်းထိန်ဖို့ မြန်မာပြည် အမှောင်ချ
တတိုင်းပြည်လုံးကျတော့ လျှပ်စစ်မီးကို ပြတ်တလှည့် လပ်တလှည့် ပေးထားပြီး.. တရုတ်ပြည်ကိုကျ မီး ရောင်းစားသတဲ့..။ အလိုလေး.. လျှပ်စစ်အား နာရီဝပ် သန်း ၃ ထရီလီယံတဲ့ ဗျာတို့.. တရုတ်ကသာ မဖေါ်ရင်.. ကိုယ်တို့ဘာမှ သိမှာဟုတ်ဘူးဗျ..။ ပြောကြလိမ့်မယ်.. သူတို့ဟာသူတို့ ထုတ်တာပါလို့လေ.. ဘယ်က အရင်းအမြစ်တွေနဲ့တုန်း.. ရတဲ့ငွေတွေကို ဘာတွေ သုံးစွဲပစ်သတုန်း..။

မြန်မာ နိုင်ငံသားတွေရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေးတွေအတွက် ဘယ်နယ်ပယ်မှာ.. ဘာတွေ အတိအကျ သုံးသတုန်း..။ ဘာတခုမှ မရှင်းပြ..။ Statistic Year Book နောက်ဆုံး ထွက်တာ ၂၀၀၂ ခုနှစ်ဗျ.. ကိုယ်မှတ်မိတယ်..။

နောက်ပိုင်းတော့ မှောင်ချ..။ ဘာရူး ဘုရင်ကြီး ဦ်းဆောင်တဲ့ ဘာဘွန်း အစိုးရ..။





ဗိုလ်ချုပ်ဘဏ်
တပတ်လည်မဲ့ မင်္ဂလာစက်ဝိုင်း.. ဆိုပြီး ဘဏ်တွေပေါ်လာလို့ အလုပ်အကိုင်.. အခွင့်အလမ်းတွေ များလာတယ်လို့ ပြောပြနေတာလေးပါ..။ မိုးဦးကျ.. ပေါက်တဲ့ မှိုတွေလို.. ဟိုဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့၊ ဒီဗိုလ်ချုပ်ငွေတွေ ပါတဲ့ ဘဏ်တွေက အပြိုင်းအရိုင်း.. ၀ါးစေ..ဝေစားရင်း.. ထွက်လာတာကိုး..။ ဒီတော့..လူတွေ ကလဲ လိုတော့သပေါ့..။

ဘယ်လောက် ကြာရှည်ခံမယ်တော့ မသိ.. ဘဏ်သစ် အဆောက်အအုံတွေကတော့ ဟီးထနေတာဘဲဗျို့.. ရန်ကုန်မှာ.. မန္တလေးမှာ.. နယ်မြို့ကြီးတွေမှာ.. အဲ.. ပြီးတော့.. ကြပ်ပြေးမှာ..။


ရွှေဘိုက အချစ် ဇာတ်သိမ်း
ကိုယ့်လူတို့.. ချစ်တာတော့ချစ်.. ကိုယ့်ဘေးလဲ ကိုယ်ကြည့်ကြဦး..။ ဒီလိုလူမျိုး ဘယ်လောက်များ.. ရှိနေမလဲမသိ.. တကတည်းဗျာ .. ရည်းစားက ဆိုင်ကယ် လိုချင်တယ် ဆိုလို့ .. လူတောင်သတ်ပြီး ဆိုင်ကယ်လုသတဲ့..။ မွှန်တဲ့သူများ.. ထပ်ကာ.. ထပ်ကာ ဖတ်သင့်လို့ပါဗျာ..။

ဂီလာန မဲခေါင်
စစ်အစိုးရက.. ဘက်စုံအိပ်ထဲထည့်တဲ့အထဲမှာ.. ရေကာတာဆောက်.. မီးရောင်းစားတာလဲ.. နည်းလမ်း တခုဘဲဗျ..။ ဒီဆောင်းပါးက မဲခေါင်မြစ်ရဲ့ လက်ရှိ အနေအထားကို အကိုးအကားနဲ့ ရေးထားတာ.. ပြည်ပကလူတွေ.. ဘိုလိုချည့်ဖတ်နေရတာ..။

မျက်စိအရသာခံပြီး ဖတ်ကြည့်ပါဦး.. မြန်မာတဦးရဲ့ အမြင်နဲ့ ရေးထားတာလေး..။ သိတ်မညွှန်းဝံ့ဘူးဗျာ..။ ကောင်းပါကြောင်း လို့သာ..။


ရှားပါးပစ္စည်း
မွန်စီယာဆီညော်ရဲ့ မရယ်ရလို့ရယ်ရတယ်.. ဆိုတဲ့ မကြာမကြာ ပါလာတတ်တဲ့ Satire ဆောင်းပါးဗျ..။ ခရီးသွားဟန်လွှဲ.. ကြုံသမျှလေးတွေကို သရော်စာသဘောနဲ့ နတ်သံနှောထားတာ ပါ.။ ကွမ်းတံတွေးတောင် အသံထွက်နဲ့ ထွေးထားတယ်ဗျ..။ အကြိုက်ညီသူတွေ ရှိနိုင်တာမို့ ထည့်ပေး လိုက်ပါတယ်။ မြည်းကြပါဦး..။

အတွင်းအား နည်းပါးတဲ့ မြန်မာ့ရုပ်ရှင်
အကယ်ဒမီပွဲ.. အတွက်..လှုပ်လှုပ်ရွရွ.. မှန်းသူကမှန်း.. စိတ်ကူး ယဉ်သူကယဉ်.. တပြင်ပြင် ရှိတုန်း .. အချိန်ကိုက်လေးဗျ.. မြန်မာ့ရုပ်ရှင်လုပ်ငန်း.. အမြင်မလှ.. လုပ်ငန်းတွေတောင် ကျလာလို့ ၂၀၁၁ မှာ ကားရိုက်တွေနည်းမဲ့အကြောင်း.. တဲ့..။ ဒီဂျာနယ်ကိုသာ အကယ်ဒမီ ပေးလိုက်ချင်တော့တာဘဲဗျာ..။ တော်လိုက်တာ..။ ဖတ်ကြည့်ကြပါ လို့တိုက်တွန်းဝံ့ပါကြောင်း..။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts