>Triple One pilgrimage in Singapore

>

 စင်္ကာပူရောက် မြန်မာများအတွက် တစ်သုံးလုံးအဖွဲ့က ကုသိုလ်ဖြစ်ဘုရားဖူး လူ ၅၀၀ ကျော်ဖြင့် စည်ကား
မိုးမခအထောက်တော် စင်္ကာပူ (ဓာတ်ပုံသတင်း)
(ဓာတ်ပုံဆရာများ – ကျော်မိုးထွန်းနိုင်၊ ကျော်မိုးဦး၊ သုမင်းလှိုင်)
ဇန်န၀ါရီ ၅၊ ၂၀၁၁
ယခင် ရက်သတ္တပတ်၊ စနေနေ့၊ အင်္ဂလိပ်နှစ်ဆန်း ၁ ရက်၊ (၁။၁။၁၁) တစ်လေးလုံးနေ့မှာ တစ်လေးလုံးဘုရားဖူးအဖွဲ့က နှစ်စဉ်စီစဉ်နေကျ မေတ္တာဖြင့် ဘုရားဖူးခရီးစဉ်ကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီနှစ်ဆိုရင် ၇ ကြိမ်ပြည့်ပြီ ဖြစ်ပြီး၊ မြန်မာမိသားစုများနဲ့ မိတ်ဆွေဧည့်သည်များ ဦးရေ ၅၀၀ ကျော်ကို ဘတ်စ်ကား ၆ စီးနဲ့ စင်္ကာပူကျွန်းအနှံ့ ဘုန်းကြီးကျောင်းဖူး၊ ဘုရားဖူး၊ လေ့လာရေးခရီး ထွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စင်္ကာပူ တိုပါးယိုးအရပ်က မူလမြန်မာဘုန်းတော်ကြီးကျောင်းကြီးမှာ စုရပ်အဖြစ် စတင်ပြီး စင်္ကာပူကျွန်းမှာ ရောက်ရှိသီတင်းသုံးနေတဲ့ ရဟန်းသံဃာတော်များကို ပင့်ဖိတ် တင်ဆောင်ပြီးတော့ မြန်မာများ၊ မိတ်ဆွေများရဲ့ ကုသိုလ်ခရီးကို စတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
 တစ်သုံးလုံး အဖွဲ့သားတွေ၊ စေတနာရှင်လုပ်အားပေး မိသားစု ၁၀ စုကျော်က ၀ိုင်းဝန်းစီစဉ်ကြတာ ဖြစ်တယ်လို့ တစ်သုံးလုံး စေတနာရှင်မိသားစုဝင်တဦး ဖြစ်သူ ဂျစ်တူး (မုံရွာ)က မိုးမခကို ပြောပြပါတယ်။ အသက် ၉၀ ကျော်ပြီ ဖြစ်တဲ့ မြန်မာဖွားဖွားတဦးကလည်း တွန်းလှည်းထိုင်ခုံနဲ့ ဘုရားဖူး ခရီး လိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စင်္ကာပူကို ရောက်ရှိနေတဲ့ မြန်မာဧည်သည်တွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ မိသားစုတွေ စသည်ဖြင့် မြန်မာများရဲ့ ဓလေ့ရိုးရာ ဘုရားဖူးခရီးစဉ်တွေကို သတိရအောက်မေ့စေတယ်လို့ ပြောပါတယ်။ 

  

          မြန်မာရွှေကျောင်းကြီးကနေ လျောင်းတော်မူဘုရားကြီးရှိရာ၊ နောက် ရွှေကျောင်း၊ ဘီရှမ်းကျောင်းတော်ကြီး ပြီးတော့ လေ့လာရေးအဖြစ် ရေငံကနေ ရေချိုအဖြစ် သန့်စင်တဲ့ နေရာတွေကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။           နေ့လည်စာကိုတော့ စင်္ကာပူရဲ့ အကြီးဆုံး ဗုဒ္ဓဘာသာကျောင်းတိုက်ဖြစ်တဲ့ ဘီရှမ်းကျောင်းတော်ကြီးမှာ သတ်သတ်လွတ်စားသုံးခဲ့ကြပါတယ်။ 

 နောက်တရက်မှာတော့ (၂ ရက် ဇန်န၀ါရီ ၂၀၁၁) မှာ သံဃာတော်များကို သီးသန့် ဘတ်စကား စီစဉ်ပြီး စင်္ကာပူရဲ့ ပိုက်ဆံစက်ရုံနဲ့ ပြတိုက်ကို လိုက်လံပို့ဆောင်ပေးတယ်လို့ ဆိုပါတယ်။ စင်္ကာပူ ပိုက်ဆံပြတိုက်မှာ မြန်မာတပါတီ အာဏာရှင်များကဲ့သို့ မ – ဂဏန်းနဲ့ ပိုက်ဆံများလည်း ထုတ်ခဲ့ဖူးတာကို တွေ့ရပါတယ်တဲ့။ သူတို့ဆီမှာ ၂၅၊ ၃၅၊ ၄၅၊ ၇၅ တန် ငွေစက္ကူများလည်း တွေ့ခဲ့ကြတယ်လို့ ဘုရားဖူးလိုက်ပို့သူက ပြောပြသွားပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts