>comrades in Burma’s prisons

>

မဲဇာမောင်နှမများ
မဏီ
ဇန်န၀ါရီ ၄၊ ၂၀၁၁

(နိုင်ငံရေးအကျဉ်းသားတဦး ရေးဖွဲ့ ပေးပို့သည်)


ခြောက်နာရီမိုးသောက် ၊ အလင်းရောက်လို့
မဲဇာလှောင်အိမ်၊ တစ်ဆင့်ပေါက်တာနဲ့
တယောက်တပေါက်၊ နှုတ်ဆက်လိုက်ကြ
မဲဇာညီအမ မောင်နှမများ
မင်္ဂလာပါ။

ဖြူမဲပုကွ
မမြင်ကြရလည်း
ရဲရင့်ခြင်း၊ အကြွင်းမဲ့ ချစ်ခြင်းနဲ့
မင်းတို့ရဲ့ အဆင်းရော အချင်းရော
လှနေမှာ သေချာပြီးသားပါ။

ဝေးနေပေမဲ့လဲ
အတွေးလည်းတူ သွေးလဲတူတဲ့
အသက်ရှုသံ ခပ်ပါးပါး
နံရံတစ်ချပ်ခြားမှာ
ဘော်ဒါလိုင်း မထား
နယ်စည်းမခြားတဲ့
ငါတို့ အကောင်းဆုံး အိမ်နီးချင်းများ
ဒီအင်အေ စစ်စရာမလိုတဲ့
ညီအမအရင်း
အခါတော်ရောက်ရင်
ပြည်တော်ဝင်ရမှာမို့
ညီအကို မောင်နှမတို့ရေ….. (အနားယူကြ)။

အမှန်တရားဟာ
ခါးသီးပေမဲ့ ၀ါးပြီးမျိုခဲ့တာ..ငါတို့
ယုံကြည်ချက်အတွက်
မီးထဲလမ်းလျှောက်
ရဲရဲတောက်ခဲ့တာ..ငါတို့
တရားမျှတမှုအတွက်

ဆူးခင်းကြမ်းတွေ ပေါက်လဲ
ဒူးမထောက်ခဲ့တာ…ငါတို့
ကဲ..အလံမလှဲစတမ်း
ရဲဘော်တို့ရေ…..
ထောင်နံရံမှာ..အောင်လံတွေ စိုက်ကြရအောင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts