>Kyaw Tu and citizenofburma

>

ပြည်သူ့ဂုဏ်ရည်ကြောင့် အလုပ်ပိုလုပ်နိုင်ကြောင်း ဦးကျော်သူ ပြောကြား
မိုးမခအထောက်တော် အမှတ် ၀၀၈

ဒီဇင်ဘာ ၄၊ ၂၀၁၀


ပြည်ပရောက် မြန်မာပြည်သားများ ချီးမြှင့်သည့် ဂုဏ်ပြုဆုသည် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် သူ့အတွက် “မဟာ အားဆေးတစ်ခွက်” ဖြစ်ကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ခေါင်းဆောင် ဦးကျော်သူက ပြောလိုက်သည်။


ယခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ရန် စီစဉ်ပြင်ဆင်နေချိန်တွင် ဦးကျော်သူက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“မနှစ်က ကျွန်တော့်ကို ပေးလိုက်တဲ့ အင်အား၊ စွမ်းအားတွေ ဖြစ်သော ပြည်သူ့ဂုဏ်ရည် ဆိုတဲ့… မဟာ အားဆေးတစ်ခွက်ကို သောက်သုံးပြီးသည့် အချိန်ကာလမှ အစပြုပြီး ကျွန်တော် ထပ်မံ ထပ်ဆင့် လူမှုရေး အင်အားများ မွေးဖွား ပေါ်ပေါက်လာခဲ့ရပါတယ်” ဟု ပြည်သူ့ဂုဏ်ရည်အဖွဲ့သို့ ပေးပို့သော စာတွင် ဦးကျော်သူက ရေးသားထားသည်။

(စာကို ဤနေရာ တွင် ဖတ်နိုင်သည်။)

ယခုနှစ်အတွက် မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း လုပ်ဆောင်သူ တဦး သို့မဟုတ် အဖွဲ့ တဖွဲ့ကို ဆုပေးအပ်ရန် အဆိုပြုလိုပါက http://2011.citizenofburma.org/ တွင် အမည်စာရင်း တင်သွင်းနိုင်သည်။

ထို ၀က်ဆိုက်တွင် ဆုနှင့် ပတ်သက်သည့် အချက်အလက်များကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သည်။

ဆုချီးမြှင့်ပွဲကို အမေရိကန်နိုင်ငံ မြို့ကြီးများတွင် အလှည့်ကျ ပြုလုပ်နိုင်ရန် စီစဉ်ထားသည်။

ပြီးခဲ့သည့်နှစ်က လော့စ်အိန်ဂျလိစ် မြို့တွင် ဆုပေးပွဲ ပြုလုပ်ခဲ့သည်။

ခုနှစ် မေလတွင် ပြုလုပ်မည့် ဆုပေးပွဲကို တာဝန်ယူ စီစဉ်မည့်မြို့မှာ ဆန်ဖရန်စစ္စကို ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts