>Daw Suu at Kyaw Thu’s art show

>

ကိုကျော်သူရဲ့ Art Zone ပန်းချီ ပြပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
တာရာဝေယံ
ဇန်န၀ါရီ ၃၊ ၂၀၁၀

ရန်ကုန်မြို့ နာရေးကူညီမှု အသင်း နဲ့ လူမှုရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေတဲ့ ရုပ်ရှင်မင်းသားဟောင်း ကိုကျော်သူရဲ့ Art Zone ပန်းချီ ပြပွဲကို ဇန်န၀ါရီ ၁ ရက်နေ့က ပြည်လမ်း၊ ပြည်သူ့လမ်းသွယ် အမှတ် ၂၄ မှာ ရှိတဲ့ ကိုကျော်သူ့အိမ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

နံနက် ၈ နာရီခွဲလောက်မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့ပြီး ကိုကျော်သူရဲ့ အနုပညာ လက်ရာများကို လှည့်လည် ကြည့်ရှုကာ တက်ရောက်လာကြတဲ့ အနုပညာရှင်များ၊ ဧည့်ပရိသတ်များနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

ပန်းချီပြပွဲ အမှတ်တရ အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရေလှိုင်းသဏ္ဌာန် ကောက်ကြောင်းတွေ ပါဝင်တဲ့ ပန်းချီလက်ရာ တစ်ခု ရေးဆွဲခဲ့ပါတယ်။


ပြပွဲမှာ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ ပန်းချီမြင့်အောင် အစရှိတဲ့ အနုပညာ နယ်ပယ်က ပု ဂ္ဂိုလ်များနဲ့ နွေးထွေးလှတဲ့ ကိုကျော်သူ၊ မရွှေဇီးကွက်တို့ အပါအ၀င် နာရေးကူညီမှု အဖွဲ့သားတွေရဲ့ ဧည့်ခံ ကြိုဆိုမှုကို တွေ့ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts