>Shwe Pyi Soe – Burma run by thugs and run down by them … (3)

>

လူဆိုး သူခိုး ကြီးစိုးတော့မှာဖြစ်ကြောင်း ထပ်လောင်းသက်သေထူ။
ရွှေပြည်စိုး
ဇန်န၀ါရီ ၁၊ ၂၀၁၁
လူဆိုးသူခိုး ကြီးစိုးတော့မယ့် ဒို့နိုင်ငံအပိုင်း (၁) နဲ့ (၂)မှာ နအဖ စစ်အစိုးရကျောထောက် နောက်ခံပြု ထားတဲ့ “ကြံ့ဖွတ်ပါတီ” အနိုင်ရအောင် နအဖစစ် အာဏာပိုင်များ၊ ရွေးကောက်ပွဲကော်မရှင်များ၊ မဲရုံမှူး များ၊ ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူးများ… စသူတို့က ဘယ် ကမ္ဘာ၊ ဘယ်နိုင်ငံ၊ ဘယ်ရွေးကောက်ပွဲမှာမှ မရှိခဲ့ဘူးတဲ့ မဲလိမ်၊ မဲခိုး၊ မဲဖျောက်၊ မဲကြိုတင်ကောက်……စတဲ့ ကလိမ်ကကျစ်နည်းပေါင်းစုံ သုံးတဲ့အပြင် သက်ဆိုင်ရာ အာဏာပိုင်များက အာဏာ၊ အသပြာနဲ့ အကျပ်ကိုင် နည်းမျိုးစုံ အသုံးပြုခြင်းကြောင့် အနိုင်ရသွားကြောင်း၊ ဒီလို မတရားအနိုင်ကျင့်ယူတာကို ကြံ့ဖွတ်ပါတီနဲ့ ပြိုင်ဘက်ပါတီများက မကျေနပ်လို့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ တိုင်ကြ၊ အမှုဖွင့်ကြ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထဲ နအဖ ဥက္ကဌထံ တိုင်ကြား ကြတဲ့အပြင် သတင်းစာရှင်းလင်းပွဲများနဲ့ ပွက်လောရိုက် နေပုံများကိုတင်ပြထားပါတယ်။
ခု တင်ပြမယ့် အပိုင်း (၃) မှာတော့ ကြံ့ဖွတ် ပါတီနဲ့ အပေါင်းပါများရဲ့ မဲမသမာများ လုပ်တာ မှန်ကန် ကြောင်း သက်သေထူသွားမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲရက်အတွင်း။
ရွေးကောက်ပွဲစတင်ကျင်းပတဲ့ နိုဝင်ဘာလ (၇) ရက်နေ့ကတည်းက “ကြံ့ဖွတ်ပါတီ” က ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် မဲခိုး၊ မဲလိမ်၊မဲဖျောက်၊ မဲကြိုတင် ကောက်……စတဲ့ မဲမသမာမှုတွေ လုပ်နေကြောင်း ပြစ် တင်ဝေဖန်သံ ဆူညံနေပါတယ်။ တဆက်တည်းမှာပဲ “ရွေးကောက်ပွဲ ရလဒ်ကို လက်မှတ်မထိုးဘူး၊ ရွေး ကောက်ပွဲ ရလဒါကို အသိအမှတ်မပြုဘူး” လို့ ပြောဆို တဲ့ ပါတီများနဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ တောင်း ဆိုတဲ့ ပါတီတွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။
ဆိတ်ဆိတ်နေ ဝန်ခံခြင်းဖြစ်။
တနိုင်ငံလုံးရှိ ကြံ့ဖွတ်ပါတီနဲ့ အပြိုင် ရွေး ကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ဒီမိုကရက်တစ် ပါတီ အားလုံးက ကြံ့ဖွတ်ပါတီက မဲလိမ်၊ မဲခိုး၊ မဲဖျောက်၊ ကြိုတင်မဲ……စတဲ့ မဲမသမာမှု မျိုးစုံကို ကျူးလွန်ကြောင်း သတင်းစာရှင်းလင်းပွဲများက တဆင့်တကမ္ဘာလုံးသိ အောင် ရှင်းလင်းပြောကြား ဝေဖန်ရှုတ်ချကြပါတယ်၊ နိုင်ငံတကာကလဲ နအဖ စစ်အစိုးရနဲ့ ကြံ့ဖွတ်ပါတီရဲ့ မရိုး သားတဲ့ လုပ်ရပ်တွေကို ဝိုင်းဝန်းကန့်ကွက်ကြပါတယ်။ ဒါပေမယ့် ကြံ့ဖွတ်ပါတီက “မဲမလိမ်၊ မဲမခိုး၊ မဲမဖျောက်၊ မဲကြိုတင်မကောက်……စတဲ့ မဲ့မသမာမှုတွေကို မကျူး လွန်ပါဘူး၊ ပြိုင်ဘက်ပါတီက စွပ်စွဲတာတွေပာာလဲ မပာုတ်ဘူး၊ မမှန်ဘူး” လို့ ကြံ့ဖွတ်ပါတီ ဘက်က တယောက်မှ မငြင်းပယ်၊ မကန့်ကွက်ကြပါ။ အဲလိုပြန် မငြင်းပယ်၊ ပြန်မကန့်ကွက်တာကို ထောက်တော့ ကြံ့ဖွတ်ပါတီများက မဲလိမ်၊ မဲခိုး၊ မဲဖျောက်၊ မဲကြိုတင် ကောက်……စတဲ့ မသမာနည်းမျိုးစုံတွေ သုံးကြောင်း အလိုလိုဝန်ခံရာ ရောက်နေပါတယ်။ သူတို့မတရား လုပ် နေတာကို ပြည်တွင်းပြည်ပက လူတိုင်းသိနေပြီးသား ဖြစ်နေလို့ ဘယ်လိုငြင်းရဲပါတော့မလဲ။
အကယ်၍ ကြံ့ဖွတ်ပါတီက မဲမလိမ်၊ မဲမခိုး၊ မဲမဖျောက်၊ မဲကြိုတင်မကောက်……စတဲ့ မဲမသမာမှုတွေ မလုပ်ပါက သူတို့ကို စွပ်စွဲသူတွေကို ဖမ်းဆီးထောင်ချ လို့ တယောက်မှကျန်မှာ မပာုတ်ဘူး။ ဒီနေ့အထိ ကြံ့ဖွတ်ပါတီ ဘက်က အဲ့ဒီစွပ်စွဲချက်တွေကို ဘာမှ မတုံ့ပြန်၊ မကန့်ကွက်၊ မငြင်းဆိုတာကို ထောက်တော့ ဒီမိုကရက်တစ်ပါတီတွေ ဘက်ကစွပ်စွဲတာ ပာုတ်မှန် ကြောင်း ဝန်ခံပြီးသားဖြစ်နေပါတယ်။
လူဆိုးသူခိုး ဖြစ်ကြောင်း နအဖ သက်သေထူ။
ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီက မဲလိမ်၊ မဲခိုး၊ မဲဖျောက်……စတဲ့ မဲမသမာမှုတွေလုပ်တယ် လို့ ဒီမိုကရက်တစ်ပါတီတွေက အရပ်ထဲမှာရော၊ သတင်းစာ ရှင်းလင်းပွဲတွေက တဆင့်ပါ ဆူဆူညံညံ ပြစ်တင်ဝေဖန် နေချိန်၊ နိုင်ငံတကာကလဲ ပြစ်တင်ရှုတ်ချနေချိန်မှာပဲ အရှက်မရှိတဲ့၊ လိမ်ညာမှုအပေါင်း သရဖူဆောင်းတဲ့ နအဖ စစ်အစိုးရနဲ့ ကြံ့ဖွတ်ပါတီက စွပ်စွဲချက်တွေကို မငြင်းဆန် ရုံမက “ကြံ့ဖွတ်ပါတီ” က ရွေးကောက်ပွဲမှာ ( ၇၆) ရာခိုင် နှုန်း ကျော်နဲ့အနိုင် ရရှိကြောင်း မျက်နှာပြောင်တိုက်ပြီး နအဖ သတင်းစာတွေထဲမှာ ကြေညာပါတယ်။ (ဒီဗွီဘီ၊ ၁၈-၁၁-၂၀၁၀)
ဒါကိုကြည့်ခြင်းအားဖြင့် ကြံ့ဖွတ်ပါတီနဲ့ နိုင်ငံ တော်ရွေးကောက်ပွဲ ကော်မရှင် သာမက နိုင်ငံတော် နအဖစစ်အစိုးရကပါ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုး၊ မဲဖျောက်……စတဲ့ မဲမသမာမှုတွေ အားလုံးလုပ်တာ မှန်ကန်ကြောင်း သက်သေထူတာဖြစ်ပါတယ်။
ယခင်ကာလများက နအဖ စစ်အစိုးရ (သို့) နအဖ အာဏာပိုင် အဆင့်ဆင့်တို့ရဲ့ မတရားလုပ်မှုများကို နည်း နည်းလေး ဝေဖန်ပြောဆိုမိသူကို လူမှုရေးအရ၊ ဥမဒေ ကြောင်းအရ စစ်ဆေးမေးမြန်းခြင်းမရှိပဲ၊ သက် သေ အထောက်အထား ခိုင်လုံခြင်းမရှိဘဲ၊ ရှေ့ နေနဲ့ခု ခံကာ ကွယ်ခွင့်မပြုခဲ့၊ နိုင်ငံတော် သိက္ခာကျအောင် လုပ်တယ် ဖြစ်အောင်၊ နိုင်ငံတော်လုံခြုံရေးထိပါးတယ် ဖြစ်အောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားအောင် လုပ်တယ်ဖြစ်အောင်နဲ့ အနည်းဆုံး တာဝန် ဝတ္တရား နှောက်ယှက်တယ် ဖြစ်အောင် နှစ်ရှည် လများ ထောင် ကျအောင် ပုဒ်မကြီးတွေ တပ်စွဲရုံမက အမျိုးမျိုးခြိန်းခြောက်ပြီး လက်မှတ်ထိုးခိုင်း၊ ဝန်ခံခိုင်းပြီး စီရင်ချက်ချမှတ်လေ့ရှိပါတယ်။
ဒါပေမယ့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ တော့ ဒီမိုကရက်တစ်ပါတီတွေက နအဖရဲ့ ကိုယ်ပွား နိုင်ငံတော် ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲလိမ်၊ မဲခိုး၊ မဲဖျောက်……စတဲ့ မသမာမှုတွေကို မြန်မာရော ကမ္ဘာပါ သိအောင် နည်းမျိုးစုံနဲ့ ဗြောင်ဝေဖန်ပြောဆိုနေကြပေ မယ့် နအဖစစ်အစိုးရ ကိုယ်တိုင်နဲ့ နိုင်ငံတော်ရွေး ကောက်ပွဲ ကော်မရှင်တို့က ဘာမှ မလုပ်ရဲ၊ အရေးမယူရဲ ဖြစ်နေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့လုပ်ရပ် တွေက လိမ်ညာပြီး ဖုံးဖိလို့မရတဲ့ အခြေနေတွေဆိုးနေ၊ တရားလွန်နေတာကြောင့် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ စတင်ကျင်းပတဲ့နေ့က လေ့လာစောင့်ကြည့်ခွင့်ရတဲ့ နိုင်ငံခြားသံရုံး အချို့ ရဲ့လေ့လာ စောင့်ကြည့်သူတွေ ကိုယ်တိုင်က “ဒီရွေးကောက်ပွဲပာာ တဘက်စောင်းနင်း ဖြစ်နေတယ်၊ တရားမျှတမှုမရှိ၊ လွတ်လပ်မှုမရှိဘူး” လို့ တရားဝင်ဝေဖန်နေကြတာ ရှိတဲ့အတွက်ကြောင့်လဲ ဖြစ် ပါတယ်။ သို့မပာုတ်ပါက ပြည်တွင်းက သူတို့ကို ဝေဖန် သူတွေကို အမျိုးမျိုးစွပ်စွဲပြီး ဘဝတုံးအောင် လုပ်ဖြစ်မှာ သေချာတယ်။
ကံ့ဖွတ်ပါတီကို စွဲချက်တင်။
နအဖ စစ်အစိုးရရဲ့ ကိုယ်ပွား “ရွေးကောက်ပွဲ ကော်မရှင်” က သူတို့လုပ်ချင်တိုင်းလုပ်လို့ ရအောင်၊ အခြားပါတီတွေက သူတို့ကိုပြန် မကန်ရဲအောင် မတရား စည်းမျဉ်းဥပဒေတွေ ပြဌာန်းထားပါတယ်။ ဥပမာ- “ကြံ့ ဖွတ်ပါတီ” ကို မကျေနပ်လို့ တိုင်ရင် ဆောင်ရွက်ခံ “တမှု ကို ကျပ်ငွေ (၁၀) သိန်းတင်ရမယ်၊ (၂ မှုတင်ရင် သိန်း၂၀) တင်ပြီး ငွေပြန်မပေး” လို့ အမှုစွဲချက် မတင်နိုင် အောင် လုပ်ထားတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကြံ့ဖွတ်ပါတီက မတရားလုပ်လွန်အားကြီး လို့ မခံမရပ်နိုင်ဖြစ်ကာ ငွေအကုန်ခံကာ တရားစွဲသူများ ရှိနေပါပြီ။
ဥပမာ- NDF ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက “မန္တလေးက တသီးပုဂ္ဂလ ကိုယ်စား လှယ် ဦးစိန်လှ၊ ဖားကန့်ဒေသက ဒေါ်ဘောက်ဂျာတို့က နေပြည်တော်ဆီသွား တရားစွဲလွှာတင်နေပြီ၊ ၎င်းတို့ပါတီ ကအနည်းဆုံး ကိုယ်စားလှယ် (၄) ဦးကိုတရားစွဲဖို့ ပြင်ဆင်နေပြီ၊ တချို့ ကိုယ်စားလှယ်တွေက တရားစွဲ စာရိတ် (၁၀) သိန်းရှာနေပြီ ဖြစ်ကြောင်း” ပြောကြားခဲ့ပါ တယ်။ (ဒီဗွီဘီ၊ ၂၀-၁၂-၂၀၁၀)
၎င်းပြင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဌ ဦးအေးလွင် NDFပါတီမှ ရှေ့ နေ ဦးသိန်ဇော်ညွန့်တို့ကလဲ သက်ဆိုရာ ရဲစခန်းမှာ ကြံ့ဖွတ်ပါတီရဲ့ မဲမသမာမှုများကို တိုင်ကြားထားကြောင်း သိရပါတယ်။ (ဧရာဝတီ၊ ၁၁-၁၂-၂၀၁၀)
ခုဆိုရင် “ကြံ့ဖွတ်ပါတီ”က မဲလိမ်၊ မဲခိုး၊ မ ဖျောက်၊ မဲကြိုကောက်……စတဲ့ မဲမသမာမှုတွေ လုပ် ထားတာကြောင့် ထပ်လောင်းသက်သေထူ ထားပါ တယ်။ ဒါ့ပြင် နအဖနဲ့ ရွေးကောက်ပွဲကော်မရှင်ကလဲ အတိုက်အခံပါတီများရဲ့ ပြောကြား၊ တိုင်းကြားစွပ်စွဲထား ချက်တွေကို ဘာမှမတုံ့ပြန်ပဲ ရေငုံနေခြင်းဖြင့် ကြံ့ဖွတ် ပါတီပာာ အများပြောနေသလို လူဆိုး၊ သူခိုး လုပ်ရပ်တွေ ကိုလုပ်နေတာ မှန်ကန်ကြောင်း ထပ်လောင်းသက်သေ ထူပေးနေပါတယ်။
ဒါကြောင့် နအဖရဲ့ ကျောထောက်နောက်ခံပြု ထားတဲ့ ကြံ့ဖွတ်ပါတီ ပာာ လူဆိုး သူခိုးပါတီအဖြစ် မကြာမီ ကြီးစိုးတော့မှာ ဖြစ်ကြောင်းအများသိစေရန် ထပ်လောင်း၍ သက်သေထူပေးရခြင်းဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts