>journal pieces on Dec 29

>

သူကြီးဘုရား ပရိုမိုးရှင်း စုံတွဲ ရဟတ်ယာဉ်ကို ပစ်
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၂၉၊ ၂၀၁၀
News Watch ဂျာနယ် (ဒီဇင်ဘာ ၂၉)

ကားနဲ့ တိုက်ကြစို့
မိတ်ဆွေ.. ဗိုလ်ချုပ်တွေနေတဲ့ ရပ်ကွက်ကို အမြင်ကတ်သလား.. သူတို့ရပ်ကွက်က ဓါတ်တိုင် တတိုင်သာ ကားနဲ့ ၀င်တိုက်လိုက်.. လဲကျအောင် တိုက်နော်..။ နည်းပညာတွေ တိုးတက် ခေတ်မီလွန်းလှ တော့.. သာကေတမှာ ဓါတ်တိုင် ကားနဲ့ တိုက်မိတာ ၂၂ နာရီကြာအောင် ပြင်ရသတဲ့..။ ကိုင်း.. နွှဲလိုက်ကြစို့သူငယ်ချင်း..။

တနေကုန် မီးပျက်ပေမယ့် အလုပ်အကိုင် မပျက်ဘူး ဆိုဘဲ။ ဘာကြောင့် အလုပ် မပျက်တာပါလိမ့်? မီးပျက်တာ ရိုးဟိုးဟိုးနေပြီလို့ ပြောချင် အရွဲ့တိုက်ချင်လို့များလား?

ကမ္ဘာကျော်မင်းသမီး
မီရှဲယို ဒီကိုလာလိုက်တာ ကိုယ်တို့တော့မသိလိုက်ပေါင်..။ ဟိုတရက်က အင်တာနက်မှာ ဒေါ်စုနဲ့တွေ့သွား ကြောင်း ဖတ်လိုက်တော့ နည်းနည်း အံ့အားသင့်မိသေး.. ခုတော့ရှင်းသွားပြီ.. ဒီလဆန်းမှာ တညအိပ်လာသွားဆိုဘဲ..။ ဒီမင်းသမီးကြီးက ကိုရီးယား မင်းသား မင်းသမီးတွေထက်တောင် ကျော်ကြားတယ်လို့ နားလည်ထားမိတာ.. ဒါကျ ထူးခြားဖြစ်စဉ် ဟုတ်ဖူးလား.. အနုပညာနယ်မှာလေ..။

===========================================

မော်နီတာဂျာနယ် (ဒီဇင်ဘာ ၂၆)

ရီချင် ရယ်ချင်သူများအတွက်
ဆရာ ကံချွန်ရဲ့ ဟာသခရီးသည် တဲ့..။ မန်းလူရွှင်တော်တွေဆီက ရတာတွေလဲပါရဲ့။ စဉ်းစားပြီး ရယ်ရတာ ပါသလို.. သိပ် မရယ်ရတာလဲတွေ့ပါလိမ့်မယ်..။ ဆရာကံချွန့်လက်ရာ မြည်းစေချင်လို့ပါ။



ပရိုမိုးရှင်း စုံတွဲ

မော်နီတာကပါဘဲ.. ပိုက်ဆံပေါတိုင်း.. အကြိုက်ကို ကြဲကြမဲ့ ပြေတီဦး တို့ မင်္ဂလာဖိတ်စာ..။ ထူးခြားတယ် ဆိုဘဲ။ အသံကောင်းတော့ ဟစ်ထားပါတယ်။ ခွေထုတ်လို့ရတာ သူ့ဖေါင်ဒေးရှင်း ကို သူပြန်လှူမလို့တဲ့..။



===========================================
အလင်းတန်းဂျာနယ် (ဒီဇင်ဘာ ၂၇)

သူကြီးဘုရား
မောင်ကျော်ဆန်းခင်ဗျ.. ပြေတီဦးနဲ့ လှိုက်လှဲဝမ်းသာ.. လက်ဆွဲကာနဲ့.. ဂီတပညာရှင်များ ပူဇော် ကန်တော့ပွဲ အတွက် တဲ့..။ သူကြီးဘုရား ရွာသားကောင်းမှု ပေါ့ဗျာ..။ ရယ်နေလိုက်တာများ.. နွားပြာကြီး အောက်သွားမရှိ ဆိုတာ သတိရစရာ..။


အလှမယ်
Miss Christmas တဲ့ဗျို့ … ကုန်သည်ကြီးများဟိုတယ်မှာ..။ နိုင်ငံကျော်တို့ကို မွေးထုတ်ရာ ဘူမိနက်သန်ဆိုဘဲ။ ၇-ကြိမ်မြောက်ပါတဲ့ခင်ဗျာ..။ လှတယ်နော်.. ကြည့်ထား..။

မိုးမြင့်သဇင်၊ နှင်းပွင့်ဧကရီ၊ ၀တ်စုံ နောက်တမျိုးနဲ့ မိုးမြင့်သဇင်၊ Miss X’mas ဖြစ်သွားတဲ့ မြတ်နိုးအိမ်၊ ပြီးတော့ ၂၀၀၉ Miss X’mas နိုနိုကေ။

===========================================

True News ဂျာနယ် (ဒီဇင်ဘာ ၂၈)

တန်ခိုးထွားအုံးမယ့် ဆင်ဆာ
မောင်မျိုးမင်းတို့လက်သံပြောင်လို့ တက်လာတဲ့ နောက်ဆက်တွဲဂယက်ကတော့ အငြိမ့်၊ ပြဇာတ် တို့ ပဒေသာကပွဲတို့ ဆင်ဆာ မတင်ရင် မကရ.. မပြရတဲ့..။ ရွေးကောက်ပွဲကြီး ပြီးရင်.. ဘယ်လိုလွတ်လပ်လို့ ဘယ်လိုကောင်းလာမှာ ဆိုတဲ့ မောင်မင်းကြီးသားများကို နားရွက်ဆွဲပြလိုက်ချင်ရဲ့။ ဟင်း.. နော်.. ငဆင်ဆာ..။

ရဟတ်ယာဉ်ကို ပစ်
အစက ရိုးရိုး နောက်တော့ တမျိုးတိုးလို့ ပစ်ပြန်ဆိုဘဲ.. ဆိုဘဲ.. လို့ ငိုရင်းနဲ့ ဟဲရမလို..။ အလကားနေရင်း လက် ကမြင်းတဲ့သူတွေ.. နေပြည်တော်လမ်းပေါ် ရောက်လာတယ်တဲ့.. ဖတ်ကြည့်ပါဦးဗျာ..။ မကောင်းလိုက်တဲ့ လူ့စိတ်ထားတွေများ.. ပြောပါတယ်။ ခဲနဲ့ပစ်သတဲ့ ကားတွေကို..။



ကော်ပီကူးနေအုံးမယ်
မီဒီယာမှာ တရုတ်စာမှတပါး မထည့်ရ ဆိုပြီး.. တရုတ် အစိုးရက ပညတ်တဲ့ အကြောင်း ဂျာနယ်စာမျက်နှာ ပေါ်တက် လာပါတယ်။ နဂိုကမှ ကော်ပီကူးချင်နေတဲ့ ဘုရင်ရူးကြီးအကြောင်း မသိလို့လားဟင်..။ တော်ကြာနေ တသက်လုံး သုံးလာတဲ့ အင်္ဂလိပ်ကော်ပီ မြန်မာဝေါဟာရတွေကို မသုံးရ..လို့ .. အမိန့်တော် ရှိလိုက်မှ ခွ ကျကုန်ရော့မယ်.. ။ မော်တော်ကားကို ဗမာလိုရေးကြ ဆိုပြီးတော့လေ..။ ဘရိတ် ဆိုတာကို ဘယ်လိုများပြောကြမတုန်း..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts