>journal pieces on Dec 28

>

ဂျပန်ကြိုက်၊ ဗိုလ်ချုပ် ရွှေခေတ်၊ အပျိုကြီးများ အားတက်ဖွယ်
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၂၈၊ ၂၀၁၀

မြန်မာပို့စ် ဂျာနယ် (ဒီဇင်ဘာ ၂၉) အပိုင်းအစများ

လာပြန်ပြီ ကိုရီးယား ရောဂါ
မြစ်ဝကျွန်းပေါ်မှာတော့ နာမည်ကြီး ဆိုပဲ။ ကိုရီးယားခြောက် တဲ့။ ဘာလဲ သိချင် ဖတ်ပေတော့။ ဓာတ်ပုံတော့ မပါဘူး။ ကိုရီးယားစတိုင်နဲ့ ဖတ်နော်။



ဘွဲ့အမည် ရှည်ရှည်

ရွှေတိဂုံ အသေးစားလေး သတင်းပါ။ နေပြည်တော် ဆိုတဲ့နေရာက ရွာတရွာမှာ တည်ထားတယ်။ ဘွဲ့အမည်ကတော့ ရွှေတိဂုံလို ၃ လုံး မဟုတ်ဘူး။ ၉ လုံး ရှိသဗျ။



===============================================

Messenger ဂျာနယ် (ဒီဇင်ဘာ ၂၇) အပိုင်းအစများ

ဗိုလ်ချုပ် ရွှေခေတ်
ပြည်တွင်းစီးပွါးရေးလုပ်ငန်းရှင်တွေ ပိုများလာလို့ ချမ်းသာသူ ပေါလာတယ် တဲ့လေ။ ဈေးဝယ်စင်တာတွေ.. စက်သုံးဆီဆိုင်ကြီးတွေ.. ဘဏ်တွေ.. စက်ရုံတွေ..။

သေသေချာချာ လိုက် စိစစ်လိုက်ရင် တွေ့လာပါလိမ့်မယ်.. ဒီနေရာလည်း ဟိုဗိုလ်ချုပ်ကြီးနဲ့ ပတ်သက်တာ၊ ဟိုနေရာလည်း ဒီဗိုလ်ချုပ်ကြီးနဲ့ ပတ်သက်တာ.. ဆက်စပ်တာတွေချည့်..။

ပြီးတော့ လက်တဆုပ်စာ.. တနိုင်ငံလုံး အတိုင်းအတာနဲ့ ထင်ဟပ်နေတာ မဟုတ်ပါ။ အများစုကြီးကတော့ ငတ်သထက်ငတ် ပြတ်သထက်ပြတ်..။

တွေးဆကြည့်နိုင်ကြဖို့ပါ..။ ဖတ်ကြည့်ပါဦး..။


ဂျပန်ကြိုက်
မြန်မာ့ရိုးရာ ခြင်းခတ်ကစားတာ ဂျပန်က စိတ်ဝင်စားလို့မို့ ဂျပန်ရုပ်သံမှာ ပြဖို့ တဲ့။ ဘာဖြစ်လို့မှန်း မသိ.. မိန်းကလေးတယောက် ဆပ်ကပ်ပြကွက်တွေ ထဲမှာအလွယ်တကူ လုပ်ပြနိုင်တာကို မြန်မာ့ရိုးရာလို့ဆိုပြီး သတင်း ဓါတ်ပုံတိုင်းလိုလိုမှာ တွေ့နေရတာကို ပြောချင်တာပါ။



တကယ်ကောင်းတဲ့ မြန်မာ့ရိုးရာက ခြင်းဝိုင်းပါ..။ အနည်းဆုံး ယောင်္ကျား ၆ ယောက် ပုံစံအမျိုးမျိုးနဲ့ ယှဉ်ပြီး ခပ်လို့ မြေမကျတဲ့ ခြင်းလုံးလေးဟာ အလွန်လှပါတယ်.. ရင်သပ်ရှုမောပြကွက်တွေဟာ.. တခြားနိုင်ငံမှာ တွေ့ဖို့ မလွယ်ပါဘူး။ ဒါကို တကွက်လောက် ရိုက်ပြရင်လဲ ဖြစ်နိုင်ပါတယ်.. ဓါတ်ပုံပညာတွေ တိုးတက်နေပြီဘဲဟာ.. ခုတော့..။

နယ်စပ်ကုန်သွယ်ရေး
စခန်းသစ်တွေ ၇- ခုတောင် ထပ်ဖွင့်မဲ့သတင်းပါ..။
အရာကြီးနဲ့ရော.. ကိုတလုတ်ကြီးနဲ့ရော.. သောင်ရင်းမြစ်ဟိုဖက်ကမ်းက အဘီဆစ်တို့ပါ .. မကျန် တဲ့လေ..။ သိစေချင်လို့ပါ။



သီချင်းရေး သီချင်းဆိုတဲ့ အရိုးရဲ့ ပရိသတ်အတွက်

လူတိုင်းဟာ သူတို့အနာဂါတ်ကို စိတ်ကြိုက်ပုံဖေါ်တတ်ကြပါတယ်။ အောင်မြင်သူလဲရှိ.. ရှုံးနိမ့်သူလဲရှိပေါ့။ အဲဒီထဲ.. ဥတလုံးကိုဘဲ စနစ်တကျ ပုံဖေါ်လာခဲ့ ပါတယ်ဆိုတဲ့ အရိုး ဆိုတဲ့ လူငယ် တယောက် အကြောင်းကို ဖေါ်ပြထားပါတယ်..။

ဟာသ နဲ့ သရော်စာ ကွဲပြားခြားနားပုံကိုလည်း အရိုးက ရှင်းပြထားပါတယ်။


တိုနံ့နံ့ ၀ိုင်းစု
ဒီအရွယ်ရောက်မှတော့ အမြီးပေါက်ရောပေါ့ လို့ ဂျာနယ်မှာ ခေါင်းတပ်ထားပေမယ့် ၀ိုင်းစုခိုင်သိန်း အမြီး အဲ – ချစ်သူအကြောင်း ထုံးစံအတိုင်း ဘာမှ ရေးမထားပါဘူး။ သတင်းထောက် ဗျူးလာတာကို အယ်ဒီတာက လူဖတ်ချင်အောင် ခေါင်းစည်း လျှောက်ရေးလိုက်တာလည်း ဖြစ်နိုင်တာပဲ။

သူ့ရဲ့ ခေတ်လွန် ၀တ်စားဆင်ယင်မှုလေး ပြချင်လို့ ထည့်ပေးလိုက်တာပါ..။
ဘတ်စကား တိုးစီးတဲ့ ကောင်မလေးတွေလဲ လိုက်ဝတ်ကြတယ်ဗျ.. အကိုတွေမောင်တွေ အဖေတွေ စဉ်းစားကြည့်။

အပျိုကြီးများ အားတက်ဖွယ်
အဲ.. မကော် (ကော်နီ)ကတော့ အသက်ကြီးလဲ မပျက်စီးဘူးပေါ့ဗျာ.. ၅၅ နှစ်ထိ အိမ်ထောင်ကျကိန်း ရှိသေးဆိုဘဲ.. အပျိုကြီးများ စိတ်ဓါတ်ကျနဲ့နော့၊ အဖော် မကော် ရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts