>Korean fever, Wikileaks, etc

>

ရာသီစာ၊ ကကြီး ရောဂါ၊ ၀ီကီလိ၊ ဓာတ်လိုက်သေဆုံးမှု
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၂၅၊ ၂၀၁၀

သူတို့မြင်တဲ့ ၀ီကီလိခ် ဖောက်ချမှု (Envoy ဂျာနယ် 23.12.2010 အပိုင်းအစများ)

မြန်မာနိုင်ငံ စာပေလောကသားတွေ ၀ီကီလိခ် နဲ့ အဆန့်(ဂ်ျ) ကို ဘယ်လိုမြင်သလဲ ဆိုတဲ့ ဆောင်းပါး။ စာပေလောကတခုလုံးကို ကိုယ်စားပြုမယ်တော့ မထင်။ သို့သော် တချို့လဲ သဘောညီလိမ့်မယ်။

ပင်လယ်ဓါးပြနဲ့ မြန်မာသင်္ဘောသား နောက်ဆက်တွဲ

မြန်မာသဘောင်္သားတွေ ဆိုမာလီ ပင်လယ်ဓါးပြတွေ လက်ထဲ ဘယ်လိုရှိကြပါလိမ့်လို့ အစိုးရကို သွားမမေးနဲ့ ဘာမှ သိမှာ ဟုတ်ဖူး..။ သိချင်လား အီးယူဆီသွားလို့ပြောရလိမ့်မယ်..။ ညှိနှိုင်းနေတာလဲ ဘယ်သူဘယ်ဝါလို့ ဂျာနယ်ထဲမှာ မကွဲပြား..။ အစိုးရကသာ ညှိနှိုင်းနေလို့က မြင်သာအောင် မရေးချင်လဲ ရေးကိုရေးရမှာ.. ဒီတော့ နားလည် ပေးလိုက်ပါနော်.. ဂျာနယ်ဆရာတွေကို.. ။


မောင်စူးစမ်း၊ လူထုစိန်ဝင်း – – –

မီဒီယာဆိုတာ တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်တဲ့ ကိရိယာ လို့ စီကာရီကာ ပြောလိုက်ကြတဲ့ ၀ါရင့် မီဒီယာ သမားကြီးတွေရဲ့ အနာဂတ်လွှတ်တော်နဲ့ ဆက်စပ်ပြောကြပုံက စိတ်ဝင်စားစရာပါ..။

အားသွင်းပေးတဲ့ ဆောင်းပါး

မကြောက်ပါနဲ့တဲ့.. ရင်ဆိုင်ပါတဲ့..


ကကြီး ရောဂါ

အင်ဗွိုင်ဂျာနယ် က ဒီဇင်ဘာမို့ ၂၀၁၀ တနှစ်တာတွင်း မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ကောင်းတဲ့ .. မကောင်းတဲ့ .. ထူးခြားဖြစ်စဉ် တွေကို တင်ပြထားတာတွေ့ရတယ်..။ သဘောတကျကျနဲ့ ကြည့်ရင်း အနုပညာထူးခြားဖြစ်စဉ်ကျတော့ မျက်စိက အတော်နောက်သွားတယ်..။ ကိုရီးယား မင်းသား မင်းသမီးတို့ လာလည်တာ ထူးခြားဖြစ်စဉ်တဲ့။ အရပ်ရပ် နေပြည်တော် ကြားလို့ မှမလျော်.. မြန်မာ့ရုပ်ရှင်လောကသားတွေ ဘာမှမလုပ် ငုတ်တုတ် မို့လား ခုလိုတခြား နိုင်ငံသားတွေအကြောင်း ရေးတာ..။


တချိန်က တို့တတွေ အမြဲတန်း ဆိုဆိုပြီး ဂုဏ်ယူခဲ့ရတဲ့ သီချင်းလေ.. ဘာတဲ့.. မြန်မာ့.. မြန်မာ့ရုပ်ရှင်..
နိုင်ငံ့ဂုဏ်အင်…… ။ ကိုင်း.. ဘာတွေ ဖြစ်ကုန်ပြီတုန်း..ကွယ်ရို့..။

ရာသီစာ

ခရစ်စမတ်ရာသီ ဆိုတော့လည်း ခရစ်ယာန်တို့ရဲ့ အမြင်နဲ့ ခံစားချက်များကို ထင်ပေါ်တဲ့ အနုပညာ လောကသား တွေနဲ့တင်ပြထားတာလေး ဆန်းသစ်တယ် ထင်လို့ပါ..။ ဖတ်ကြည့်ပါဦး..


ရေချိုးခန်းထဲ ဓာတ်လိုက် သေသတဲ့(Venus ဂျာနယ် 23.12.2010)


ဘယ်ဌာနပဲ ဖြစ်ဖြစ် နားလည် တတ်ကျွမ်းတဲ့ ၀န်ထမ်း ခန့်ထားသင့်ကြောင်း မီးမောင်း ထိုးပြတဲ့ သတင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts