>Zay Hmine – The Remembering

>

အောက်မေ့ဖွယ်တေး
ဇေမှိုင်း
ဒီဇင်ဘာ ၂၀၊ ၂၀၁၀
အပြာရောင်
အိုးစကလေးတွေ လွင့်နေတဲ့ကာလ
အဲဒါ ငါ မက်မက်နေခဲ့တဲ့ အိပ်မက်တခုရဲ့လှပမှုပါ။
ကြာခဲ့ပြီ …
တကယ့်ကို ကြာခဲ့ပြီ
အနီရောင် ဒေါင်းအလံတော်အောက်က ချစ်ခင်မှုများ
အရိပ်တွေက
သက္ကရာဇ်တွေနဲ့ အပြိုင်ထွန်းကားခဲ့ပြီ
နုံးထူထူတွေ ချတတ်တဲ့ မြစ်များလည်း ရှည်လျားခဲ့ပြီ။
ဟောဒီမှာ …
မဟာမှိုင်း  မာယာကော့ဖ်စကီး  နီရုဒါး
အရေးကြီးပြီ သွေးစည်းကြပါစို့ တဲ့။
ခပ်ယဲ့ယဲ့
အလင်းစအောက်မှာ
ကြယ်တွေစုံတဲ့ည  လှနေမှာပေါ့ကွယ်။
ကောင်းကင်ရှိတဲ့ ညမှာ
ကြယ်စုံကြတာပေါ့ဗျာ။
ရဲဘော်များ မိတ်ဆွေများ ခင်ဗျား
ခဏလောက် အောက်မေ့လိုက်ကြရအောင်
သမိုင်းအမှောင်ထဲက ချစ်ခင်ခဲ့သူများကိုလေ           

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts