>Aung San Suu Kyi’s new pet

>

ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေသစ်
ဓာတ်ပုံသတင်း
ဒီဇင်ဘာ ၁၅၊ ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည်သည် သားဖြစ်သူထံမှ ခွေးငယ်တကောင် လက်ဆောင် ရရှိထားသည်ဟု လန်ဒန်မြို့ Independent သတင်းစာ၏ ဘလော့တွင် တနင်္လာနေ့က ရေးထားသည်။
Reuters သတင်းဌာနက နိုဝင်ဘာ ၂၇ တွင် ထုတ်ပြန်သော ဓာတ်ပုံတပုံတွင်လည်း ကင်မ်ကို ထိုခွေးလေးနှင့်အတူ တွေ့ရသည်။ ပြီးခဲ့သည့်လက မိခင်ဖြစ်သူထံ သွားရောက်လည်ပတ်သည့် ၄ ရက်မြောက်နေ့တွင် ရိုက်ကူးထားသည့်ပုံ ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းထိန် မိသားစုတို့၏ ပုံတွင်လည်း ထိုခွေးလေးကို တွေ့နိုင်သည်။ ထိုခွေးကို တိုင်ခြည်တိုး (
Tai Chi Toe) ဟု အမည်ပေးထားသည်ဟု သိရကြောင်း Independence ဘလော့တွင် ရေးထားသည်။ ဦးဝင်းထိန်၏ သားဖြစ်သူ Hsan Htein က သတင်းစာတိုက်သို့ ပေးပို့ခြင်းဖြစ်သည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts