>Burmese Literary Talk in NYC a success

>

နယူးယောက်မြို့တော် မြန်မာစာပေဟောပြောပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
မိုးမခအထောက်တော် နယူးယောက်စီးတီး၊ ဓာတ်ပုံ – Zorm Ou
ဒီဇင်ဘာ ၁၄၊ ၂၀၁၀
ဒီဇင်ဘာ ၁၁ ရက်က နယူးယောက်မြို့တော် မြန်မာကွန်မြူနီတီ၏ စာပေနဲ့ ယဉ်ကျေးမှုအသင်း၏  မြန်မာစာပေဟောပြောပွဲ ကျင်းပခဲ့သည်။ မြန်မာ မြို့မိ မြို့ဖများ၊ မြန်မာ လူကြီး လူငယ်များနှင့် ဖွဲ့စည်းထားလိုက်သော မြန်မာစာပေနှင့် ယဉ်ကျေးမှုအသင်း၏ ပထမဦးဆုံး ၀ိုင်းဝန်းဆောင်ရွက်မှုဖြစ်ပြီး မြို့တော်တွင် စာပေဟောပြောပွဲကျင်းပခဲ့သည်မှာ ၉  ကြိမ် ရှိပြီဟု ဆိုသည်။
စာပေဟောပြောပွဲကို နေရာအခက်အခဲတို့ကြောင့် အချိန်တိုတိုအတွင်း အသိပေးကြော်ငြာပြီး ကျင်းပရသည့်အတွက် လူအများအပြားထံ သတင်းမပေးနိုင်သော်လည်း လူကြီး၊ လူငယ်နှင့် သံဃာတော်များအပါအ၀င် အလွှာစုံမှ ပရိသတ် ၁၅၀ ကျော် လာရောက်သဖြင့် အောင်မြင်သည်ဟု ဆိုနိုင်ကြောင်း မြန်မာအရေး တက်ကြွလှုပ်ရှားသူ စေတနာဝန်ထမ်းတဦးဖြစ်သူ ကိုအောင်မိုးဝင်း (BGAN) က ပြောကြားသည်။ ရပ်နီး ရပ်ဝေး လာရောက်သူ ပရိသတ်များတွင် ၀ါရှင်တန်ဒီစီ၊ အယ်ဘနီ အရပ်များကလည်း တက်ရောက်ကြသည်။
စာရေးဆရာ အောင်ဝေးကို အိမ်ခံအနုပညာရှင် မိတ်ဆွေ ချောအိသိမ်းက၎င်း၊ စာရေးဆရာမ မေငြိမ်းကို အိမ်ခံအနုပညာရှင် လူရွှင်တော် စုတ်ဖွားက၎င်း၊ စာရေးဆရာ ဒေါက်တာခင်မောင်ညိုကို အိမ်ခံ သက်ကြီးစာပေပညာရှင် စာရေးဆရာမောင်စွမ်းရည်တို့က အသီးသီး မိတ်ဆက်ပေးကြပြီး စာရေးဆရာများက သတ်မှတ်ထားသောခေါင်းစဉ်များအတိုင်း ဟောပြောကြသည်။ ရေးသူ ဖတ်သူ မေးခွန်းကဏ္ဍကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။
စာပေဟောပြောပွဲကို အိမ်ရှင် မြန်မာမိသားစုများ စိုက်ထုတ်မှုနှင့်အတူ နယူးယောက်အခြေစိုက် ဘားမားပရောဂျက်အဖွဲ့အစည်းကလည်း ကမကထပြုပေးခဲ့ကြသည်ဟု သိရသည်။
“အိမ်ခံ စာပေ အနုပညာရှင်တွေကို တွေ့ကြရတယ်။ မင်းကျော်ခိုင်၊ ကိုမျိုး စတဲ့ ပန်းချီဆရာတွေ လာတယ်။ ပြည်သူ့အမြင်စာစောင်ထုတ်ဝေတဲ့ ဦးကျော်ဝင်း (ရွှေပြည်စိုး) တို့ကိုလည်း စာပေပွဲမှာ တွေ့ရတယ်။ နောင်နှစ်တွေလည်း ဆက်ပြီးတော့ ပိုကြိုးစားသွားကြမယ်လို့ မျှော်လင့်ပါတယ်” ဟု မိတ်ဆွေတဦးက ပြောကြားသည်။
ဓာတ်ပုံများကို သည်နေရာမှာ သွားကြည့်နိုင်ပါသည်။ ဖေ့စ်ဘွတ်အကောင့်တော့ ရှိရမည်။
ဟောပြောချက်များကို ဖေ့ဘွတ်က သည်နေရာမှာ ရှုစားနိုင်ပါသည်။
ဒေါက်တာခင်မောင်ညို
မေငြိမ်း
အောင်ဝေး

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts