>HR Day in Ranggon at NLD HQ with Political Prisoners

>

လူ့အခွင့်အရေးနေ့၊ အကျဉ်းကျ နိုင်ငံရေးသမားမိသားစုများ၊ အင်န်အယ်ဒီနဲ့ အောင်ဆန်းစုကြည်
မိုးမခဓာတ်ပုံသတင်း၊ တာရာဝေယံ
ဒီဇင်ဘာ ၁၄၊ ၂၀၁၀
ဒီဇင်ဘာ ၁၀၊ သောကြာနေ့၊ ရန်ကုန်၊ အင်န်အယ်ဒီရုံးချူပ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနား မြင်ကွင်းဖြစ်ပါတယ်။ 
အခမ်းအနားမှူး ဦးအုန်းကြိုင်က ဆောင်ရွက်သည်။

 

 တက်ရောက်သူများနဲ့အတူ ဒေါ်စု၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးနိုင်းနိုင်း၊ ဦးဉာဏ်ဝင်း၊ ဗိုလ်ကြီးဝင်းထိန်တို့ကို တွေ့ကြရတာ ဖြစ်ပါတယ်။ 
 
ဦးဉာဏ်ဝင်းက ဥပဒေရေးရာ ကိစ္စများအကြောင်း ပြောသည်။ 
ဦးနိုင်းနိုင်းက အင်န်အယ်ဒီလူမှုထောက်ကူက ဆောင်ရွက်ပေးနိုင်မှုကို ရှင်းပြသည်။ 
 
ဗိုလ်ကြီးဝင်းထိန်က နိုင်ငံရေးအကျဉ်းသားများရဲ့ ထောင်တွင်းနေထိုင်မှု ဘ၀များကို ရှင်းလင်းပြောကြားခဲ့တာကို တွေ့ရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts