Paris Maung

Leçon 11 (Lesson 11 ) – Learning French

ပြင်သစ် ဘာသာ လေ့လာစရာ  (အပိုင်း ၁၁) 
ပါရီမောင်၊ မေ ၃၁ ၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)
(မိုးမခ၏ ချို့ယွင်းမှုကြောင့် အပတ်စဉ်ပြတ်တောက်ခြင်းကို ခွင့်လွှတ်ပါ)
Leçon 11      (Lesson 11 )
နေ့များ  Les jours
ရက်သတ္တပါတ်၏ နေ့များ ခေါ်ဝေါ်ပုံ ဖြစ်ပါတယ်
http://www.youtube.com/watch?v=roa5u2h3M0o
lundi   တနင်္လာ
mardi  အဂါၤ
mercredi ဗုဒၶဟူး
jeudi  ႀကာသပေတး
vendredi   သောကြာ
samedi  စနေ
dimanche  တနင်္ဂနွေ
လေ့ကျင့်ခန်း ()  အဖြေများ
ပြီးခဲ့တဲ့ သင်ခန်းစာ မှာပေးထားတဲ့ လေ့ကျင့်ခန်းအတွက် အဖြေများ ပေးလိုက်ပါတယ်။ ဒီနေရာမှာ တလက်စထည်းပဲ အသုံးပြုတဲ့ မူရင်းကြိယာ ကိုဖေါ်ပြထားပြီး တချို့နေရာတွေမှာ အရှင်းဆုံး စာကြောင်း ကနေ ကြိယာ ၂ခု ထပ် သုံး စွဲပုံတွေပါ ဖေါ်ပြထားပေးပါတယ်။
၁။  ကျနော် အလုပ် စလုပ်ပါသည်။ (  စ သည် နှင့် လုပ် သည် ကြိယာ ၂ ခု ပါရပါမည်။)
Je  travaille. ( V Inf: Travailler )  ရ ထရာဗိုင်းလ် ။ ကျနော် အလုပ် လုပ်သည်။
Je commence à travailler. ( V inf: commencer ) ကောန်မောင့်စ် အာ ထရာဗိုင်းလ်ရေး။
ကျနော် အလုပ် စလုပ်ပါသည်။ (ဒီနေရာမှာ commencer နောက်က Préposition ဖြစ်တဲ့ à လိုက်ပေးရပါတယ်)
၂။ ကျနော် စာအုပ်များကို သိမ်းဆည်းပါသည်။
Je range les livres. ( V Inf: Ranger )   ရ ရောန့်ဂျ  လေ လိဗ်ရ်
၃။ သူမ သီချင်းးနားထောင်သည်။ ( သူမ အင်္ဂလိပ်သီချင်းနားထောင်သည်။ ကျနော်ညတိုင်း ရေဒီယိုနားထောင်သည်။ စသည်ဖြင့် ချဲ့ထွင် ပြောဆိုနိုင်ပါသည်။)
Elle écoute la musique. ( V Inf: écouter ) အယ်လေ ကု ထ် လာ မြူးဇစ်ခ် ။
(ဒီနေရာမှာ သရ (Voyel ) ၂ခုကပ်နေပေမဲ့ ရှေ့ကတခုကို မဖြုတ်ရတာကို သတိပြုပါ)
Elle écoute la musique anglaise. (la musique သည် အမနာမ်ဖြစ်နေသောကြောင့် နာမဝိသေသနဖြစ်သော anglaise ကိုချိန်ညှိပေးရပါမည်။( Accord လုပ်ပေးရပါမည်)
J’écoute la radio tous les soirs. ရေကု လာ ရာဒီယို တူးလေစွာ ကျနော်ညတိုင်း ရေဒီယိုနားထောင်သည်။
၎။သူတို့ မန္တလေးတွင် နေထိုင်ကြသည်။
Ils habitent à Mandalay. ( V Inf: habiter)  အီ ဇာ ဘိ ထ် အာ မန္တလေး။
၅။ကျနော် တံခါးကိုပိတ်သည်။
Je ferme la porte.( V Inf: fermer ) ရ ဖဲမ်း မ် လာ ပေါ့ထ်
၆။ ခင်ဗျား ကား ကိုဆေးကြောသည်။ ( ကျနော် ခင်ဗျားရဲ့ကားကို ဆေးသည် ဟုပြောရန် အတွက် ပိုင်ဆိုင်မှု အသုံးအနှုးံများ ပါမှ ရပါမည်)
Vous  lavez la voiture. ( V Inf: laver)  ဗူ လာဗေ လာဗွားကျူး
၇။ ကျနော်တို့ ဈေးထဲမှာ လှည့်ပါတ်နေသည်။(လည်ပါတ်)
Nous tournons dans le marché. ( V Inf: tourner)  နူတူ နွန် ဒေါန်း လာ မာ့ခ် ရှေး ( visiter )
၈။ သူလှလှကို ဆက်သွယ်သည်။
Il  contacte à Hla Hla. ( V Inf: contacter ) အီလ် ကွန်တတ် အာ လှလှ၊
ဒီနေရာမှာ contacter ဆိုတဲ့ကြိယာကို အဘိဓ္ဓါန်မှာရှာလိုက်တဲ့အခါ v.t ဆိုပြီးတွေ့ရမယ်။  ဆိုလိုတာက verbe transitif လို့ပြောတာပါ။ အနောက်က တခုတခု ဆက်ပြီးပြောမှ ပြည့်စုံပါမယ်။ Il  contacte ဆိုပြီးရပ်ထားလို့မရပါဘူး။
၉။ကလေးများ ပုံဆွဲကြသည်။
Les enfants dessinent. ( V Inf: dessiner ) လေ ဇွန် ဖွန့် ဒေ စီး န်
၁၀။သူမ အပြာရောင်ကောင်းကင်ကို ကြိုက်သည်။( ချစ်သည်)
Elle aime le ciel bleu. ( V Inf: aimer ) အယ်လ် လဲမ်း လာ ဆီး ယဲလ် လဗ်။
J’aime la pelouse. ရဲမ်း မ် လာ ပဲ လုစ်၊  ကျနော် မြက်ခင်း ကို သဘောကျတယ်။
၁၁။ ကျနော် ရော့ခ် သီချင်း နားထောင်ရတာ ကြိုက်တယ်။( နားထောင် ၊ ကြိုက်)
J’aime écouter la musique rock. ( V Inf: aimer , écouter ) ရန်းမ် အေးကူးတေး လာ မြူးဇစ် ရော်ခ်။ verbe ၂ခုထပ်လို့ နောက်တခုကို conjugaison မလုပ်ရတော့တာသတိပြုပါ။
 J’aime manger la banane. ရန်းမ် မော့်ဂျေး လာ ဘာနန်းန်။ ကျနော် ရော့ခ် သီချင်း ငှက်ပြောသီးစား ရတာ ကြိုက်တယ်။
J’aime visiter les musées. ရန်းမ် ဗီးဇီးတေး လေ မြူးဇေး။ ကျနော် ရော့ခ် ပြတိုက်တွေလည်ရတာ ကြိုက်တယ်။
J’aime voyager. ရန်းမ် ဗွားရားဂျေး။ကျနော် ခရီးသွား ရတာ ကြိုက်တယ်။
J’aime voyager à l’étranger. ရန်းမ် ဗွားရားဂျေး အာ လေထရောန်ဂျေ ။ကျနော် နိုင်ငံခြား ကို ခရီးသွား ရတာ ကြိုက်တယ်။
၁၂။ အမေ ဈေးသို့ သွားသည်။ ( maman  အမေ)
Maman va au marché. ( V Inf: aller ) au= à + le မာမွန် ဗားအို မာ့ခ်ရှေး
၁၃။ မြမြသည် ကိုမောင်အား ဖုံးဆက်သည်။
Mya Mya téléphone à Ko Mg. ( V Inf: téléphoner ) မြမြ တေလေဖွန်း အာ ကို မောင်
၁၄။ ကျနော် ခရီးမှပြန်လာသည်။
Je rentre de voyage. ( V Inf: rentrer ) ရ ရောန့်ထ် ဒ ဗွားရာ့ခ်ျ၊ ကျနော်ခရီးမှပြန်ရောက်သည်။
အမှန်တကယ် ပြောဆိုနေသော အချိန်တွင် ပြန်လာပြီးဖြစ်နေသောကြောင့် rentrer verbe ကို  အတိတ်ကာလ အနေနှင့် သုံးမှသာ သဘာဝကျပါမည်။
၁၅။ သူမတို့ အိမ်ထဲသို့ ဝင်သွားသည်။
Elles rentrent dans la maison. အယ်လ် ရောန့် ဒွန်း လာ မေဇွန်
ပြီးခဲ့တဲ့ အပါတ်ကပေးခဲ့တဲ့ စကားပြော သင်ခန်းစာ (၁) အတွက် စာသားနဲ့ ရှင်းလင်းချက်ပါ။
စာသားတွေကို ကြည့်ရင်း အသံကို ပြန်နားထောင်ပါ။ အသုံးဝင်မဲ့ စကားလုံးတွေကို လက်တွေ့မှာ ပြောဆိုသုံးနှုံးနိုင်ပါတယ်။
စကားပြော လေ့ကျင့်ခန်း သင်ခန်းစာ ( ၁ ) 
 မြို့ထဲသွားခြင်း    En ville
လီဇာ နှင့် သူမ အမေ မြို့ ထဲသို့ ထွက်ခြင်း
Stéphanie : Allez, Lisa , dépêche-toi, nous devons nous rendre en ville pour faire des achats.
        လီဇာ မြန်မြန် လုပ်၊ ငါတို့ မြို့ထဲကို ဈေးဝယ်ဖို့ သွားရမယ်။
Lisa : Oui maman, j’arrive.  J’adore me promener au centre commercial et faire du lèche-vitrines avec toi.
        ဟုတ်ကဲ့မေမေ လာပါပြီ၊ ကုန်တိုက်ကြီးတွေမှာ လမ်းလျှောက်ရတာ နဲ့ ပစ္စည်းတွေ ငေးရတာ သဘောကျတယ်။
Stéphanie : Fais attention et respecte les feux !  Lisa, n’oublie pas que l’on ne dois jamais
        ဂရုစိုက်ပါ ပြီးတော့ မီးပွိုင့်တွေကို သတိပြုပါ လီဇာ၊ ဘယ်တော့မှ 
traverser en dehors des passages cloutés. Il y a beaucoup de circulation !
မျဉ်းကြား တွေရဲ့ အပြင်ကမဖြတ်ရဘူး ဆိုတာ မမေ့ပါနဲ့။ ကားအသွားအလာ များတယ်။
Lisa : Je sais, je sais, maman.
        ကျမသိတယ်၊ ကျမသိတယ် မေမေ။
ဝေါဟာရများ Vocabulaires
jamais (adv:)  ဘယ်တော့မှ
dehors (adv:)  အပြင်ဘက်
circulation (noun )  ယဉ်အသွားအလာ
beaucoup (adv:)  အများကြီး
passages clouté (noun )  လူကူးမျဉ်းကြား
ကြိယာများ Verbes
dépêcher ( se dépêcher ) –  ဒေပက်ရှေ အမြန်လုပ်သည်။
devoir – ဒဗွား ။ မဖြစ်မနေ ( အင်္ဂလိပ်လို must နှင့် ပြောရပါမည်- နောက်က ကြိယာ တခုခု နှင့်တွဲသည်)
rendre- ရောန့် ဒ်ရ်၊( စာကြောင်းကိုလိုက်၍ အဓ္ဓိပ္ပါယ်များပါသည်။) လည်ပါတ်သည်၊ ပြန်ပေးသည်ဟု အလွယ်မှတ်ပါရန်။
arriver – အာရိဗေး ၊  ရောက်ရှိသည်။
adorer – အာ ဒို ရေ ၊ အရမ်းကြိုက်သည်၊ မြတ်နိုးသည်။ ( admire )
promener ( se promener ) စ ပရောမ် မ နေ၊ လမ်းလျှောက် ထွက်သည်။
respecter – စပက်တေ ရိုသေသည်။ လိုက်နာသည် ။ ဂရူစိုက်သည် ။
oublier – အူ လီရေး မေ့ လျော့ သည်။
traverser –  ထရာ ဗက်စေ ။ ဖြတ်ကူးသည်။
သုံးစွဲပုံများ Expressions
faire des achats – ဈေးဝယ်ခြင်း
faire du lèche-vitrines – ပစ္စည်းများကို မဝယ်ပဲ  ငေးကြည့်ခြင်း
Fais attention – ဂရုစိုက်ပါ ၊ သတိထား
Il y a –  ရှိတယ်၊ ရှိကြတယ် ( အသုံးများ လှပါတယ် ၊ တခုခု ရှိခြင်းကို ပြောဆိုရာမှာ သုံးပါတယ် )
Il y a un livre dans le sac.ိတ်ထဲမှာ စာအုပ် တအုပ်ရှိတယ်။
Il y a  des étudiants dans la classe. အတန်းထဲမှာ ကျောင်းသားတွေရှိတယ်။
မှတ်ရန် နှင့် လက်တွေ့ အသုံးချပြောဆိုရန်
dépêche-toi ဆိုတာက မိသားစု၊ သူငယ်ချင်း တွေပြောဆိုတဲ့  tu  အတွက် pronom personnel ဖြစ်တယ်။ (သူငယ်ချင်း တယောက်ထဲကို ပြောဆိုရန်သုံးသည်)
dépêchez-vous  ( ဒေပက်ရှေ ဗူ ) ဆိုရင်တော့ လူ အများ၊ မခင်တဲ့ တယောက်ကို ပြော တာပါ
faire des achats ( ဖဲ ဒေ ဇာ ရှား) ဈေးဝယ် ထွက်ခြင်း (faire ဆိုတဲ့ Verbe ကတော့ အသုံးများလှပါတယ်)
Je fais la valise pour un voyage. ခရီးတခုအတွက် ကျနော် အဝတ်အစား အိတ်ပြင်တယ်။( ထည့်တယ်)
Je monte la valise. ကျနော် အိတ်ကို တင်သည်။( ကိုယ်တိုင် တင် သည် )
Je fais monter la valise. ကျနော် အိတ်ကို တင်ခိုင်းသည်။
Je  cherche le livre. ကျနော် စာအုပ်ကို ရှာသည်။ ( ကိုယ်တိုင် ရှာသည် )
Je fais chercher le livre. ကျနော် စာအုပ်ကို ရှာခိုင်းသည်။
အဓိက သုံးသည့်  Verbe  ရှေ့တွင် faire ကို ထည့်လိုက်ခြင်းအားဖြင့် ကိုယ်တိုင်လုပ်ခြင်းမဟုတ်တော့ပဲ တစုံတယောက်ကို လုပ်ခိုင်းခြင်း ဖြစ်သွားပါတယ်။
Fais attention သတိထား  ( tu  အတွက် )
Faites attention သတိထား  ( vous  အတွက် ) တခုခု အန္တရာယ် ရှိတာ ကို သတိပေးတဲ့ အခါပြောတာပါ။
                                                A bientôt


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts