>NLD hosted 90th Anniversary of Burma National Day

>


နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် နှစ်၉၀ အမျိုးသားအောင်ပွဲနေ့တွင် အင်န်အယ်ဒီ တောင်းဆို
တာရာဝေယံ
ဒီဇင်ဘာ ၂၊ ၂၀၁၀
ဒီဇင်ဘာ ၁ ရက် နေ့က ရန်ကုန်မြို့ အင်န်အယ်ဒီရုံးချူပ်မှာ၊ နေ့ခင်း ၁၁ နာရီက နှစ် ၉၀ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ (ဦး) ကိုလေး အင်းဝဂုဏ်ရည်တို့က အမျိုးသားရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး တင်ပြဟောပြောခဲ့ကြပါတယ်။


နိုဝင်ဘာ ၂၅ နေ့က ကျင်းပခဲ့တဲ့ အင်န်အယ်ဒီ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ၁၂/၁၂/၁၀ ကိုလည်း အခမ်းအနားမှာ ဝေငှခဲ့ပါတယ်။


အဓိကကြေညာချက်မှာ –
(၁) မိမိတို့နိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိရန် ကြိုးပမ်းအားထုတ်မှုကြောင့် ဖမ်းဆီးခြင်း၊ ပြစ်ဒဏ်ချခြင်း ခံထားရသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီအင်အားစုများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်

(၂) တိုင်းပြည်တွင် အမှန်တကယ် ကြုံတွေ့နေရသော အထွေထွေအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များပါဝင်လျက် တွေ့ဆုံဆွေးနွေးကြရန်

(၃) တိုင်းရင်းသားလူမျိုးများ မပါဝင်ဘဲ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်မည် မဟုတ်သောကြောင့် အမျိုးသားရင်ကြားစေ့ရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တို့ ဖော်ပြထားကြောင်း သတင်းရရှိပါတယ်။


(ကိုလေး အင်းဝဂုဏ်ရည်)
(ဓာတ်ပုံများ – ဒီ၁၊ ၂၀၁၀။ ရန်ကုန် အင်န်အယ်ဒီရုံးချူပ်။ နှစ် ၉၀ ပြည့် အမျိုးသားနေ့ အခမ်းအနား မြင်ကွင်း။ (တာရာဝေယံ))

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts