>Burmese Community – Washington DC Metro urged Burmese to start conversation on Pinlon

>

ဝါရှင်တန်ဒီစီ မက်ထရို မြန်မာကွန်မြူနီတီက ဒုတိယပင်လုံအတွက် အချင်းချင်း ဆွေးနွေးကြရန် တိုက်တွန်း
မိုးမခအထောက်တော် ၀၀၂
ဒီဇင်ဘာ ၂၊ ၂၀၁၀
          ယခင်တပတ်က ၀ါရှင်တန်ဒီစီမက်ထရိုက မြန်မာကွန်မြူနီတီ၏ အပတ်စဉ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြရာ မြန်မာပြည်တွင်းရှိ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားများနှင့် နိုင်ငံရေးအင်အားစုများ ဦးတည် ဆောင်ရွက်နေသည့် ဒုတိယပင်လုံညီလာခံ ပေါ်ထွန်းလာရေးကို မိမိမိသားစု အသိုင်းအ၀ိုင်းအတွင်း ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အချင်းချင်း ဆွေးနွေးမှုများ ပြုလုပ်ကြရန်၊ အခြားမြို့နယ်များနှင့်လည်း မျှဝေမှု တိုင်ပင်မှုများ ပြုလုပ်ကြရန် တိုက်တွန်းလိုက်သည်ဟု သိရသည်။
          မိုးမခသို့ ၀ါရှင်တန်ဒီစီ မက်ထရိုဒေသက မြန်မာ့အရေးလှုပ်ရှားသူ ကိုညီညီအောင်က ပြောရာတွင်
“လက်ရှိမှာ သူတို့ဖက်က စစ်အစိုးရရဲ့ အမျိုးသားညီလာခံ မှတ်တမ်းတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရှိနေတယ်။ ကျနော်တို့ဖက်မှာလည်း လေ့လာ မှတ်သား ယှဉ်တွဲ သုံးသပ်ဖို့ စာရွက်စာတမ်းတွေ မှတ်တမ်းတွေ ရှိဖို့လိုတယ်။ ရှိတာတွေကိုလည်း ကျနော်တို့အချင်းချင်း မျှဝေပြီး ဖတ်ရှုတာတွေ၊ ဆွေးနွေးတာ၊ သဘောထား ဖလှယ်တာတွေ လုပ်ကြဖို့ လို့တယ်လို့ ထင်ပါတယ်။”
ဟူ ၎င်းက ပြောကြားသည်။
ထိုအပတ်က ဆွေးနွေးပွဲတွင် ညွန်းဆိုခဲ့သည် စာတမ်းများမှာ ၁။ အင်န်အယ်ဒီ၏ ၁၉၉၀ ခုနှစ်က အခြေခံဥပဒေမူကြမ်း ၂။ ကိုအောင်စောဦး ၂၀၀၇ က စုဆောင်းတင်ဆက်သည့် တိုင်းရင်းသားအရေးများ မှတ်တမ်းများ စုစည်းချက် နှင့် ၃။ ဒုတိယ သို့မဟုတ် တတိယပင်လုံသို့ ခေါင်းစဉ်ဖြင့် မာတိကာကောက်နုတ်ချက် တခု ဖြစ်သည်ကို တွေ့ရသည်။
အမေရိကန်ရှိ မြန်မာကွန်မြူနီတီတို့ကလည်း ၎င်းတို့ မြို့နယ်အလိုက် သဘောထားများ၊ အစီအစဉ်များ၊ တင်ပြချက်များ ပေါ်ပေါက်လာကြလိမ့်မည်ဟု ကိုညီညီအောင်က မျှော်လင့်သည်ဟု ဆိုသည်။ ၀ါရှင်တန်ဒီစီ မက်ထရိုမြို့နယ်က မြန်မာကွန်မြူနီတီတွင် မျှဝေသည့် စာတမ်းများကို အခြားမြို့နယ်များထံ ယခု မိုးမခစာမျက်နှာက တဆင့် ဖြန့်ဝေပေးလိုက်ပါသည်။ သည်နေရာမှာ ရယူပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts