>The Family of Ludu U Hal & Daw Ama offered swan and food to monks and guests at the anniversary

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

 
လူထုဦးလှနဲ့ လူထုဒေါ်အမာတို့၏ ကျန်ရစ်သူမိသားစုအလှူ ကျင်းပ
တာရာဝေယံ
ဒီဇင်ဘာ ၁၊ ၂၀၁၀
ကွယ်လွန်ခဲ့ကြပြီဖြစ်တဲ့ စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦးလှနဲ့ ဒေါ်အမာတို့ကို ရည်စူးပြီး ကျန်ရစ်သူမိသားစုက ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ တောရရွှေကျင်ဂိုဏ်း၊ ၁၁၄ ကြိမ်မြောက် ၀ိနည်း အာဂုံစာပြန်ပွဲတော်ကြီးမှာ သံဃာတော်အပါး ၅၁၀ ကို နေ့ဆွမ်း၊ အချိုပွဲ၊ ညနေ ဖျော်ရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

အလှူကို ရန်ကုန်မြို့နဲ့ ညောင်လေးပင်အနီး ကျေးရွာများက ဆွေမျိုး မိတ်သင်္ဂဟများ ကြွရောက်ခဲ့ကြပါတယ်။

          ဆရာကြီးလူထုဦးလှဟာ ညောင်လေးပင် အရှေ့ဖက် ၈ မိုင်ခန့် ဝေးတဲ့ ပုဇွန်မြောင်းရွာ ဇာတိဖြစ်ပြီး ယခုအလှူကျင်းပတဲ့ ညောင်လေးပင်နယ်၊ ရွှေကျင်တောရကျောင်းတိုက်ရဲ့ တတိယမြောက် ပဓါန နာယကဆရာတော် သကျသီဟပါမောက္ခ အဂ္ဂမဟာပဏ္ဏိတ၊ ဘန္ဒန္တ အရိယာဘိဝံသ အရှင်သူမြတ် (၁၂၄၈ – ၁၃၁၄ (မြန်မာသက္ကရာဇ်))ဟာ  လူထုဦးလှနဲ့ အကိုဝမ်းကွဲ တော်စပ်သူ ဖြစ်ကြောင်း သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts