>Fort Wayne Burmese honors Suu Freedom with reciting poems

>

 အမေရိကန်ပြည်၊ ဖို့ဝိန်းက မာရသွန်နှင်းဆီ ကဗျာရွတ်ဆိုပွဲဖြင့် ဒေါ်စုလွတ်မြောက်မှုကို ဂုဏ်ပြု
မိုးမခအထောက်တော် ၀၀၂၊ ဓာတ်ပုံ ခင်မောင်လေး
နိုဝင်ဘာ ၂၈၊ ၂၀၁၀
          လွန်ခဲ့သည် နိုဝင်ဘာ ၂၅၊  အမေရိကန်နိုင်ငံ၏ ကျေးဇူးတော်နေ့ အားလပ်ရက်တွင် အင်ဒီယာနာပြည်နယ်၊ ဖို့ဝိန်းမြို့၊ ဂီတပညာရှင်ကြီး ဒေါ်မာမာအေး၏ နေအိမ်တွင် မြန်မာကဗျာဆရာများ နှင့် စာပေချစ်သူများ စုဝေးကြပြီး မာရသွန်နှင်းဆီ ကဗျာရွတ်ဆိုပွဲ ကျင်းပကြသည်။ အဆိုပါ ကဗျာရွတ်ဆိုပွဲသည် လွန်ခဲ့သည့် နိုဝင်ဘာ ၁၃ က စတင်လွတ်မြောက်လာသည့် မြန်မာ့အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူးဂုဏ်ပြု သည့် ပွဲဖြစ်သည်။
 (ပရိသတ်များ၊ ဆောင်းယွန်းလ)
          ကဗျာပွဲတော်သို့ ကဗျာဆရာများ ဖြစ်ကြသော အောင်ဝေး၊ သစ်ကောင်းအိမ်၊ ဆောင်းယွန်းလ၊ မောင်စိုးချိန်၊ မင်းတာရာ၊ မျိုးမြင့်ချိုနှင့် ကဗျာဆရာများ၊ ကဗျာချစ်သူများက ကဗျာရွတ်ဆိုပြီး ဒေါ်စုနှင့်အတူ သူတို့ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ကြသည်။ ဂီတပညာရှင်ကြီး အဆိုတော် (ဒေါ်) မာမာအေးကလည်း အမှတ်တရ ကဗျာရွတ်ဆိုခဲ့သည်။
( မင်းတာရာ၊ မိုးသံစဉ်)

 (မင်းမင်းပြုံး၊ မျိုးမြင့်ချို)
          ဖို့ဝိန်းမြို့နှင့် ပတ်ဝန်းကျင်မြို့ရွာများတွင် ပြောင်းရွှေ့နေထိုင်နေကြသည့် မြန်မာ့ဒီမိုကရေစီရေး လိုလားသူ မြန်မာမိတ်ဆွေများ တက်ရောက်ကြပြီး မြန်မာပြည်သားများကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ရပ်တည်ကြောင်း အခမ်းအနားတွင် ထုတ်ဖော်ခဲ့ကြသည်ဟု ဆိုသည်။
 (အောင်ဝေး၊ မာမာအေး)
 (မောင်စိုးချိန်၊ သစ်ကောင်းအိမ်)
 (ဒေါ်စုနှင့် အတူ ရပ်တည်ကြသူများ။ ဂီတပညာရှင် ဦးမြစိန်)