>Burmese Community in NY State to host HIV AIDS Fund Raising for Burma

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

နယူးယောက်ပြည်နယ်တ၀ှမ်းက မြန်မာမိတ်ဆွေများက မြန်မာပြည်တွင်းရှိ   HIV- AIDS ဝေဒနာရှင်များအတွက်  စုပေါင်းရန်ပုံငွေ ဈေးရောင်းကြမည်
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၂၇၊ ၂၀၁၀
လာမည့် ဒီဇင်ဘာ ၅ တနင်္ဂနွေနေ့တွင် ၊ နယူးယောက်မြို့တော်က အောက်ဖော်ပြပါ လိပ်စာမှာ နယူးယောက်ပြည်နယ်အနှံ့က မြန်မာကွန်မြူနီတီနဲ့ မြန်မာမိတ်ဆွေတွေရဲ့ စုပေါင်း ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပကြမည် ဖြစ်သည်။ အလှူငွေများအားလုံးကို မြန်မာပြည်တွင်းရှိ အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေရသော HIV/AIDS ဝေဒနာရှင်များထံ ရည်ရွယ်ပြီး လှူဒါန်းကြရန် တညီတညွတ်တည်း ဆုံးဖြတ်ထားကြောင်း သိရသည်။
အစားအသောက် ရန်ပုံငွေအလှူရှင် ဈေးဆိုင်ပေါင်း ၃၀ ကျော် ရှိပြီး၊ အနည်းဆုံး ဒေါ်လာ ၅ ဖြင့် ၀င်ရောက်ဆင်နွှဲပြီး မြန်မာလှုမှုအကျိုးကို အလှူဒါနပြုနိုင်မည် ဖြစ်သည်ဟု ဆိုသည်။ ထိုပွဲတော်ဖြစ်မြောက်အောင် ၀ိုင်းကြသည့် လုပ်အားပေးများတွင် ဖျော်ဖြေရေးအဖြစ် ဒီဂျေ ကိုဝင်းအေးနဲ့ Exit တီးဝိုင်းအဖွဲ့သားများနှင့် အခြားမြို့များက မြန်မာ့အကအဖွဲ့များ၊ ယိမ်းအဖွဲ့များက ၀င်ရောက် ဆင်နွှဲကြမည်ဟု သိရသည်။
 မြန်မာပြည်တွင်းက ဧည့်သည်အဆိုတော်အဖြစ် “သားစိုး” ကလည်း ၀င်ရောက် အနုပညာကုသိုလ်ပြုမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတဦးက ပြောသည်။
ပွဲတော်၏ ဝေယျာဝစ္စလုပ်အားပေးများအဖြစ် ပြည်သူ့ဂုဏ်ရည် နယူးယောက်အသင်းသားများက ၀ိုင်းဝန်းကြမည်ဖြစ်သည်။
“ဒီ အလှူငွေပွဲတော်ကို မြန်မာမိသားစုတွေ၊ အဖွဲ့အစည်းမျိုးစုံက ၀ိုင်းပြီး ဖြစ်မြောက်အောင် စီစဉ်ပေးတာဖြစ်ပါတယ်။ နယူးယောက်မြို့တော်က မြန်မာသံဃာတော်များ၊ သံဃာ့အဖွဲ့အစည်းတွေကလည်း အားပေးကြပါတယ် ခင်ဗျ။ မြန်မာပြည်က ဝေဒနာသည်တွေကို တတ်နိုင်သလောက် ကူညီဖို့ လုပ်ကြတာဟာ အလွန်ကို ကြည်နူးဘွယ်ရာ ဖြစ်ပါတယ်။”
ဟု ပွဲစီစဉ်သူတဦး မိုးမခသို့ ပြောသည်။
ပြည်သူ့ဂုဏ်ရည် နယူးယောက်အသင်းသားများထဲက လုပ်အားပေး စီစဉ်သူတဦးက ပြောကြားရာတွင် …
“ကျနော်တို့ကတော့ စေတနာတူညီတဲ့ စေတနာရှင်တွေ၊ လုပ်အားပေးတွေက ၀ိုင်းကြပါ။ ပြည်သူ့ဂုဏ်ရည်အဖွဲ့သားတွေကလည်း ဖိတ်ခေါ်ပါတယ်လို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ အခြားမြို့နယ်တွေအသီးသီးကလည်း မြန်မာပြည်က ဝေဒနာသည်တွေကို အရေးပေါ်သလို ၀ိုင်းကူညီကြပါ။ ပွဲတော်တွေ မလုပ်နိုင်ရင်တောင် လှမ်းဆက်သွယ်ပြီး လှူကြပါလို့ ပြောချင်ပါတယ်။”

– သားစိုး၏ အင်တာနက်ပေါ်က ယူကျု ဖိတ်စာ –

အစီအစဉ်မှာ –
အချိန် – ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့
လိပ်စာ – PS -12, 7200, Woodside Avenue, Woodside, NY 11377
စုံစမ်းရန် – ဦးဉာဏိန္ဒ (၄၀၄-၇၈၉-၉၃၇၆)၊
ကိုဇော် (YGN PHOTO) (၇၃၂) ၉၇၉-၄၈၄၈
ကိုယဉ်ထွေးဆွေ (၆၂၆) ၃၁၅-၄၈၉၈
ကိုဟန်မင်းဦး (၉၁၇) ၆၂၀ ၀၄၃၁
မသင်းသင်းမော် (၃၄၇) ၃၄၀-၄၁၇၇
မသက်မာဝင်း (၉၁၇) ၃၁၉-၂၆၂၇ အပြင် Exit တေးဂီတအဖွဲ့နှင့်ပက်သက်၍
ကိုဝင်းမင်း (၃၄၇) ၅၅၂-၇၂၃၇ သို့ ဆက်သွယ်နိုင်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts