>Burma’s Forgotten Prisoners

>

နိုင်ငံရေးအကျဉ်းသားများကို မိုးမခ ပရိသတ်နှင့် မိတ်ဆက်ပေးမည်
မိုးမခအထောက်တော် အမှတ် ၀၀၁
နိုဝင်ဘာ ၁၉၊ ၂၀၁၀အကျဉ်းသားလွတ်မြောက်ရေး လှုံ့ဆော်သည့် ပိုစတာ တခု


မိုးမခ အင်တာနက် စာမျက်နှာများတွင် နိုင်ငံရေးအကျဉ်းသားများနှင့် မိတ်ဆက်ပေးခြင်း အစီအစဉ်ကို အင်္ဂါနေ့က စတင်လိုက်သည်။

၎င်းတို့ တဦးချင်းစီ၏ အကြောင်းကို http://moemaka.com နှင့် http://moemaka.blogspot.com တို့ရှိ ညာဘက် ကော်လံများတွင် အလျဉ်းသင့်သလို ဖော်ပြမည် ဖြစ်သည်။

ဤ အစီအစဉ်ကို သရက်အကျဉ်းထောင်တွင် ရောက်နေသူ မနီမိုလှိုင်နှင့် အစပြုထားသည်။

အများအားဖြင့် မေ့လျော့ခံနေကြရသည့် အကျဉ်းသားတို့နှင့် မိတ်ဆက်ပေးခြင်းများကို http://ppmoemaka.blogspot.com/ တွင် စုစည်းထားမည် ဖြစ်သည်။

အကျဉ်းကျ နိုင်ငံရေးသမားများအရေး လှုပ်ရှားနေသော AAPP အသင်းက လက်လှမ်းမီသမျှ ကောက်ယူထားသည့် စာရင်းအရ မြန်မာပြည်၏ နိုင်ငံရေးအကျဉ်းသား အရေအတွက် ၂၀၀၀ ကျော် ရှိကြောင်း သိရသည်။

စစ်အစိုးရကလည်း ၎င်းတို့ကို လွှတ်ပေးမည့် အရိပ်အယောင် လုံးဝ မပြပေ။

၎င်းတို့ကို နေရပ်နှင့် အလွန် ဝေးကွာသော ထောင်များသို့ ပို့ဆောင်ထားသဖြင့် မိသားစုတို့က သွားရောက် တွေ့ဆုံရန် အခက်အခဲ ရှိနေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts