>From Little Sis to her Big Brother away from home

>

အကိုကြီးထံ ညီမလေး ရန်ကုန်က ပေးတဲ့စာ
မိုးမခ
နိုဝင်ဘာ ၁၆၊ ၂၀၁၀
ကိုချို …
ငါလည်း နေမကောင်းတာနဲ့ online ပေါ်မတက်ဖြစ်တာ….။  နောက်ပြီး  အခုရက်ပိုင်းကလည်း သိပ်မအားဘူးလေ။ သိတယ်ဟုတ်။ အန်တီစုအကြောင်းတွေ သိချင်တာနဲ့ DVB မပြတ်တမ်း ကြည့်နေရတာ။
ငါ အရင်ရက်တွေက တော်တော်ပေါက်ကွဲနေတာဟ။ ရွေးကောက်ပွဲရလဒ်တွေကြောင့်လေ။
အရမ်း မုန်းဖို့ကောင်းတယ်။ သူတို့မို့ တော်တော် အရှက်နည်းတာပဲ။
ဒါလား ငါတို့နိုင်ငံက အုပ်ချုပ်သူလူတန်းစားတွေ …။ ပညာမတတ်တာတွေလည်း ပါမှာပေါ့လေ။ သူများနိုင်ငံတွေနဲ့ယှဉ်ရင် အရမ်းရှက်ဖို့ကောင်းတယ်။
အန်တီစု လွတ်လာတော့မှ အန်တီစုစကားတွေနားထောင်ရတော့မှ … ကိုယ့်စိတ်ကို ဖြေလို့ရတော့တယ်။
နောက် သတိရလို့ ပြောရဦးမယ်။ ငါတို့ဆီက မင်းသားလွင်မိုးလေ … အရမ်း မုန်းဖို့ကောင်းတယ်။ (ကျော်သူ့တို့နဲ့များ ကွာပါ့) ။ ပညာမတတ်တာလဲ ပါမှာပေါ့လေ။
သူရဲ့အင်တာဗျူးတစ်ခုမှာ သူက မြိတ်မှာ မဲသွားပေးတာတဲ့။ ယုဇနဦးဌေးမြင့် (ကြံ့ဖွတ်ပါတီ) ကိုပဲ ပေးမှာတဲ့။ ကြံ့ခိုင်ရေးက အင်အားကြီးပဲလေ … တဲ့။ နိုင်မယ်ဆိုတာ သိပြီးသားတဲ့။  ဘယ်လောက် မုန်းဖို့ကောင်းလဲ။ သူက ဦးခင်ရွှေ စည်းရုံးရေးဆင်းတာကိုလည်း လိုက်ပေးတယ်လေ။ နိုင်ငံရေးကို လိုက်လေ့လာတာ တဲ့။ နောက်ငါးနှစ်ဆိုရင်တော့ ၀င်ရွေးဖြစ်မယ် ထင်တယ်တဲ့။
လူကဖြင့် ဘာပညာမှ မတတ်ဘဲနဲ့များ။ ငါကတော့ အခုတွေ့တဲ့လူတိုင်းကို သူ့အကြောင်း လိုက်ပြောတာပဲ။ အားမပေးဖို့၊ သူပါတဲ့အခွေလည်း မကြည့်ဖို့လေ။
နောက်မှ တွေ့မယ်ဟာ….
နင့်ညီမ
မဖြူ