ဓာတ်ပုံသတင်း

SF Burmese Community with 88 Generation Students Meeting a sucess


ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့၏ ဆန်ဖရန်မြန်မာတိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံပွဲ အောင်မြင်

မိုးမခဓာတ်ပုံသတင်း၊ ကျော်နိုင်၊ ဇွန် ၁၊ ၂၀၁၃


ဇွန် ၁ ၊ ၂၀၁၃ နေ့လယ်ခင်း ၂ နာရီက ၆ နာရီအထိ ကျင်းပသော ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများနှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ (ကို)ကိုကိုကြီးတို့၏ တွေ့ဆုံပွဲ၊ ဒေးလီးစီးတီး Little Theater တွင် ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

အလှူရှင်များက မြန်မာမုန့်ဟင်းခါးနှင့် အခြားစားစရာများ ကျွေးမွေးပြုစု ဧည့်ခံခဲ့ကြသည်။ ဧည့်ပရိတ် ၃၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ၈၈ မျိုးဆက် ခေါင်းဆောင် ၂ဦးကို ဧည့်ပရိသတ်များက လက်ဆောင်များပေးအပ် ဂုဏ်ပြုမှုများ၊ ချီးမြှင့်မှုများ ပြုလုပ်ခဲ့ကြသည်ကို ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးအား အခမ်းအနားတွင်ပင် ပေးအပ်ဂုဏ်ပြုခဲ့ကြသည်။လက်ဆောင်ပစ္စည်းများအပြင် ဂုဏ်ပြုချီးမြှင့်သည့် အများပြည်သူအားလုံး၏ စုပေါင်းအလှူငွေ ဒေါ်လာ ၁ သောင်း ပတ်ဝန်းကျင် ရရှိကြောင်း သိရှိရသည်။

သတင်းအသေးစိတ်ကို ဆက်လက် တင်ပြပါမည်။ ဓာတ်ပုံများကို အရင်ဦးဆုံး တင်ဆက်လိုက်ပါကြောင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts