>All Quiet again in the Myawddy Front

>

မြ၀တီ တိုက်ပွဲဖြစ်ပွားမှု ငြိမ်သက်နေပြန်
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၉ ၊ ၂၀၁၀
ယခုနာရီပိုင်း အတွင်း မြ၀တီမြို့တွင် ရောက်ရှိနေသူ တဦးနှင့် ဖုန်း အဆက်အသွယ်ရရာမှ ပြောဆိုရာမှာ မနေ့က ထိုင်းဘက် အခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယနေ့ မြ၀တီမြို့ဘက်ပြန်ကူးလာခဲ့ကြောင်း၊ ယမန်နေ့ညက မဲဆောက်မြို့ဖက်အခြမ်း ၁ ဂိတ်မှာ အိပ်ကြရကြောင်း၊  ယနေ့မနက်တွင် ပစ်ခတ်သံ မကြားရကြောင်း ပြောကြားသည်။
ယနေ့ စုံစမ်းသိရှိသလောက် မြ၀တီမြို့ထဲတွင် အသွားအလာ မရှိသေးဟု သိရသည်။ မြို့တွင်းမှာ လက်ရှိ မိမိတို့နေရာများတွင် ခိုအောင်းနေသူများကိုယ်တိုင်လည်း အပြင်သို့မထွက်ရဲဟု ဆိုသည်။
၎င်းက ပြောကြားရာတွင်
“ကြက်ဥ ၃ လုံး ၅၀၀ ကျပ် ဖြစ်နေတယ်။ မြ၀တီမြို့တ၀ိုက် တောင်ကုန်းတွေပေါ်မှာ လက်နက်ကိုင်တွေ ၂ ဖက်စလုံးက အသင့် နေရာယူထားကြတယ်။ ငွေကြေး မတတ်နိုင်သူတွေ အတွက်ကတော့ နေရေးစားရေး အခက်အခဲတွေ အများကြီး ရှိတာပေါ့။ ဘယ်ပြေးမလဲ၊ ဘယ်လောက်ကြာကြာ နေနိုင်မှာလဲ။ ဘယ်တော့ ပြန်လာနိုင်မှာလဲ။ ဒါမျိုး ပြသနာတွေပေါ့”
“ မနေ့က ဟိုဘက်ကမ်းမှာ တိမ်းရှောင်နေတုန်း လက်နက်ကြီးတွေ အချက် ၂၀၀ ကျော် ပေါက်ကွဲခဲ့တာကို ကြားရတယ်။ တမိနစ် တချက် နှုန်း ရှိတယ်လို့  မြို့ခံတွေက ပြောတယ်။ သည်လိုမျိုး ဆက်တိုက်ဖြစ်ရင် လူတွေအားလုံးက စွန့်ခွာပြီး ထွက်ကြရတော့မယ်။”
ဟု သူ့အမြင်ကို ပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts