>Putting on the Kha Mauk even there’s no Rain

>

မိုးမရွာဘဲနဲ့ ခမောက်ဆောင်းထားသူများ
ဓါတ်ပုံသတင်း
ခင်နှင်းလွင်၊ ရန်ကုန်
နိုဝင်ဘာ ၃ ရက်၊ ၂၀၁၀
မနေ့က (နိုဝင်ဘာ ၁) အလုံမြို့နယ်မှာ အန်ဒီအက်ဖ် ပါတီရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နေကြတဲ့ မြင်ကွင်းတွေပါ။ အခုလို ရန်ကုန်မှာ အခုလို ပါတီတွေ မဲဆွယ်တာ၊ ကားနဲ့ ဗီနိုင်းလ်ပိုစတာတွေ တွေ့နိုင်ပေမယ့် နယ်မြို့တွေမှာ မြင်ရဖို့ ခဲယဉ်းပါတယ်။

(ရန်ကုနု အထပ်မြင့်တိုက်ခန်းသို့ မဲဆွယ်စာရွက်များ ပေးပို့နေပုံ)
လူထုက မဲရွေးပွဲကို စိတ်မ၀င်စားသလို ကိုယ့်စားဝတ်နေရေးနဲ့ပဲ လုံးပန်းနေကြရလို့ စိတ်မ၀င်စားတာက အချက်တစ်ချက်ဖြစ်ပါတယ်။ နောက်ပြီးတော့  နိုင်ငံရေးအကြောင်း ဝေဘန်ငြင်းခုံဖို့ အချိန်မရကြသလို ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ ရွေးကောက်ပွဲ၊ အန်အယ်လ်ဒီမပါတဲ့ ရွေးကောက်ပွဲမို့လို့လည်း စိတ်မ၀င်စားကြတာလည်း ဖြစ်ပါတယ်။

 

(အလုံမြို့နယ်မှာ အင်ဒီအက်ဖ်ပါတီက မဲဆွယ်စာများ ဖြန့်နေစဉ်)

 ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေကတော့ မဲအနိုင်ရဖို့ကို အာရုံစိုက်နေကြတာနဲ့ အခြားသော ရှုထောင့်တွေကို ခပ်ဝါးဝါးပဲ မြင်နိုင်ကြတော့တယ်။ ရွေးကောက်ပွဲမှာ အနိုင်ရဖို့က အဓိကဖြစ်နေကြတာကြောင့်လည်း ဖြစ်ပါတယ်။

(အင်ဒီအက်ဖ်ပါတီ၏ မဲဆွယ်ရေးလှုပ်ရှားမှု ကား)

 အခြားသော အရေးကိစ္စတွေကို လောလောဆယ်မှာ နောက်ကို ပို့ထားလိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ မျှော်လင့်တဲ့ နိုဝင်ဘာ ၁၃ ရက် ထက်လောလောဆယ် နိုဝင်ဘာ ၇ ရက်ကို ပို “မဲ” နေကြတာတွေ့မြင်နေရပါတယ်။

 
(ခမောက်ဆောင်းထားသော အင်ဒီအက်ဖ်က မဲဆွယ်နေသူများ)
 
(ဈေးဆိုင်များသို့ပါ အင်ဒီအက်ဖ်တို့ မဲဆွယ်စာရွက်များ ဝေနေစဉ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts