>Oil pipe fire in Pakokku kills 14

>

ပခုက္ကူ ရေနံမြေမှ ဒေသခံ ရာနှင့်ချီ မီးလောင်ခံရ၊ ၁၄ ဦး သေဆုံး
ဓာတ်ပုံသတင်း
အောက်တိုဘာ ၂၆၊ ၂၀၁၀မီးလောင်နေသော နေရာကို အဝေးမှ ရိုက်ကူးထားပုံ (photo: AP)

ပခုက္ကူမြို့နယ်အတွင်း ပေါက်နေသည့် ပိုက်လိုင်းမှ ယိုထွက်သည့် ရေနံကို ဒေသခံ ရွာသားများ သယ်ယူကြစဉ် တနင်္ဂနွေနေ့ ည ၈ နာရီခန့်က မီးလောင်မှု ဖြစ်ပွားသောကြောင့် ၁၂၁ ဦး မီးလောင်ဒဏ်ရာ ရခဲ့သည်ဟု ယနေ့ထုတ် သတင်းစာများတွင် ရေးထားသည်။ ဒဏ်ရာကြောင့် သေဆုံးသူ ၁၄ ဦး ရှိသည်ဟု ဆိုသည်။ ရေနံ သယ်ယူသူ ဒေသခံများမှာ ညောင်လှ၊ ညောင်နီပင်၊ သိန်တော၊ အိုင်ကြီး ကျေးရွာတို့မှ ဖြစ်ကြောင်း၊ ရေနံပိုက် ပေါက်သည့် နေရာမှာ ညောင်လှကျေးရွာအနီး မြစ်ခြေ-ဆိတ်ဖြူ ကားလမ်း မိုင်တိုင်အမှတ် ၂၂ မိုင် ၄ ဖာလုံ နေရာတွင် ဖြစ်ကြောင်း သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts