>Burmese Junta’s Propaganda’s Actor – Khant Sithu not seen at public show yet among protest call

>

စစ်ဝါဒဖြန့်သရုပ်ဆောင် ခန့်စည်သူ သြစတြေးလျ၊ ပါ့သ်ဖျော်ဖြေပွဲသို့ မရောက်လာသေး ဟု ဆို
မိုးမခအထောက်တော် ၀၀၃
အောက်တိုဘာ ၁၇၊ ၂၀၁၀

(နောက်ဆက်တွဲသတင်း – ခန့်စည်သူ ပုဂ္ဂိုလ်ရေးကိစ္စများရှိလို့ မြန်မာပြည်က ထွက်ခွာခြင်းလုံးဝမရှိဟု ရန်ကုန်သတင်းက ပြောပါတယ် )

 

အောက်တိုဘာ ၁၄ ရက်နေ့က သြစတြေးလျနိုင်ငံ၊ ပါ့တ် (Perth) သို့ မြန်မာပြည်က ဧည့်သည်အနုပညာရှင်များ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် ရောက်ရှိလာရာမှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်သရုပ်ဆောင် ခန့်စည်သူတယောက် ပါမလာဘူးလို့ သြစတြေးလျ၊ ပါတ့်ရောက် မြန်မာများရဲ့ အီးမေးသတင်းများက တဆင့် သိရပါတယ်။
ပါ့တ်မြို့မှာ ကျင်းပမယ့် မြန်မာပျော်ပွဲရွှင်ပွဲမှာ ခန့်စည်သူတယောက် ပါဝင်ကပြခဲ့ရင် မြန်မာဒီမိုကရေစီရေး အင်အားစုများက ကန့်ကွက်ဆန့်ကျင် ဆန္ဒပြကြရန် စီစဉ်ထားရာမှာ မြို့နယ်ရဲတပ်ဖွဲ့က ခန့်စည်သူ ပါ့တ်ကို ရောက်ရှိလာခြင်း မရှိဘူးလို့ ဆန္̔ဒပြမယ့်သူများထဲက ကိုဘုန်းကျော်ကို အကြောင်းကြားတယ်လို့ သိရပါတယ်။ ဒါကြောင့် သူတို့ ဆန္̔ဒပြပွဲကို ရုတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။
ယခု အောက်တိုဘာ လလည်ပိုင်းမှာ သြစတြေးလျက ပါ့သ်နဲ့ ဆစ်ဒနီမှာ မြန်မာ့ဖျော်ဖြေပွဲတွေ ရှိရာမှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်ရုပ်ရှင် အရုဏ်ဦးမှာ ဖူးသည့်ကြာက မင်းသား ခန့်စည်သူနဲ့ လူရွှင်တော် အရိုင်းတို့ကို မြန်မာတွေက ဖိတ်ကြားဖို့ အစီအစဉ်မှာ ကန့်ကွက်မှုတွေ ကြုံခဲ့ကြလို့ အဆိုပါ ၀ါဒဖြန့်သရုပ်ဆောင်တွေ မပါဘဲ မြန်မာပွဲတွေ လုပ်ကြရမယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က ဆိုရင် အမေရိကန်မှာ မြန်မာတွေ လက်မခံကြတဲ့အတွက် အမေရိကန်အစိုးရကိုယ်တိုင်က စစ်အစိုးရ၀ါဒဖြန့် သရုပ်ဆောင် ၀ိုင်းဆုခိုင်သိန်းအပါအ၀င် သူ့ အပေါင်းအပါတွေအားလုံးကို ဗီဇာရုတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ရပါတယ်။ အဖွဲ့ဝင် ၁၀ ဦး စလုံးကို အမေရိကန်ဗီဇာ ရုတ်သိမ်းတယ်လို့ ချက်ခြင်း အရေးယူခဲ့ရာမှာ အစောကတည်းက ပြန်နှင့်သူ ရေဘက္ကာဝင်း၊ အယ်လ်ဆိုင်းဇီတို့ အပါအ၀င် အားလုံးကို ဗီဇာ ပိတ်လိုက်တာဖြစ်လို့ နောင်ကို သူတို့ ပြန်လာဖို့ အမည်းစက် ဖြစ်သွားပြီလို့ သိရပါတယ်။ ဗီဇာအသိမ်းမခံရခင်မှာ သူတို့တတွေက အမေရိကန်မှာ ဆက်လက်နေထိုင်ဖို့ ဗီဇာရက်တိုးရန် ကြိုးစားခဲ့ကြပေမယ့် အမေရိကန်အစိုးရက ငြင်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
“အခု သြစတြေးလျမှာကတော့ စစ်တပ်အားပေးတဲ့ ၀ါဒဖြန့်သရုပ်ဆောင် မပါတဲ့အတွက် ဧည့်သည်မြန်မာအနုပညာရှင်တွေကို ကြိုဆိုကြမယ်လို့ ထင်ပါတယ်။ နောင်ကိုလည်း စစ်အစိုးရကို အားပေးထောက်ခံမှုတွေ မလုပ်ကြဖို့ အနုပညာရှင်တွေကော၊ အပေါင်းအပါတွေအတွက်ကော သင်ခန်းစာပဲ” လို့ ဆစ်ဒနီမြန်မာတဦးက မိုးမခကို ပြောကြားပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများ ဆစ်ဒနီက သဘောထား ထုတ်ပြန်ရာမှာတော့ ပါ့သ်ကို ရောက်မလာပေမယ့် ဆစ်ဒနီက အောက်တိုဘာ ၂၃ ရက်မှာ Marrick Ville Town Hall မှာရှိတဲ့ ဧည့်ခံပွဲတွေ ဖျော်ဖြေပွဲတွေကို ခန့်စည်သူက ဧည့်သည်တော်အဖြစ် တက်ရောက်လာမယ် လို့ သတင်းကြားနေတဲ့အတွက် ဆက်လက်ပြီး ကန့်ကွက်မှုတွေ ဆန့်ကျင်မှုတွေ လုပ်သွားရမယ်လို့ ထုတ်ပြန်ထားပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts