>Ni Lwin Thwe (Dathanika) – Love full moon

>

မေတ္တာလမင်း
နီလွင်သွေး (ဒဿနိက)
အောက်တိုဘာ ၁၃၊ ၂၀၁၀

မီးအိမ်ရှင်
နိုက်တင်ဂေး
ကျန်းမာရေးလုပ်သား
ပြည်တွင်းစစ်သားကောင်
အမှောင်ခေတ်
နိုင်ငံရေးစစ်မျက်နှာ
စစ်အာဏာရှင်စနစ်ကြီးစိုးစွာနဲ့
ဧရာဝတီငိုလေပြီ။

သူ့တို့နှလုံးသားတွေကို
ဒုက္ခသည်တွေရဲ့အသက်သွေးထဲကို
ထည့်ထားခြင်းငှာ
ဂရုဏာရှင် မာသာထရီဇာလက်သစ်
ဒေါက်တာနော်မန်ဘက်သွန် လက်သစ်တွေရဲ့
အတုမဲ့တဲ့မေတ္တာတရား။

ကာကွယ်ရေး
ကုသရေး
ဆေးအတတ်ပညာ
သိင်္ဂါရ ရသ
မဓုရတာဂုဏ်
လောကကို မေတ္တာနဲ့လွှမ်းခြုံခဲ့။

စေတနာ မေတ္တာ
နယ်စပ်ဒေသ ဆရာဝန်နဲ့
ကျန်းမာရေးလုပ်သားဂုဏ်အင်က
အလှဆုံးစိတ်ထား
အမှောင်ခွင်းမဲ့ မေတ္တာတရား။

(နယ်စပ်ဒေသ တောတောင်ကြားက ကျန်းမာရေးလုပ်သားများသို့ ဤကဗျာဖြင့် ဦးညွှတ်ဂုဏ်ပြုပါသည်)

၁၀ ၊ ၉ ၊ ၂၀၁၀ (စနေနေ့)

သရုပ်ဖော် – အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts