>Nobel Peace Prize goes to jailed chinese dissident

>

ငြိမ်းချမ်းရေး နိုဗဲလ်ဆု တရုတ်အကျဉ်းသား ရရှိ
မိုးမခအထောက်တော် အမှတ် ၀၀၁
အောက်တိုဘာ ၈၊ ၂၀၁၀ပါမောက္ခဟောင်း၊ စာပေဝေဖန်ရေးသမား လျူရှောင်ဘို ပြန်လည် လွတ်မြောက်ရေးအတွက် ဟောင်ကောင်တွင် ယနေ့ ဆန္ဒပြနေသူများ။
၎င်းတို့က လျူရှောင်ဘို ဆုရသည့်အတွက် ၀မ်းသာဂုဏ်ယူသည်၊ နိုဗဲလ်ငြိမ်းချမ်းရေးဆုကို လေးစားပါ၊ လျူရှောင်ဘို နှင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေး စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြသည်။ (ဓာတ်ပုံ-Reuters)


ယခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို တရုတ်နိုင်ငံတွင် အကျဉ်းကျနေသူ လျူရှောင်ဘို (Liu Xiaobo) ကို ပေးအပ်ရန် ဆုပေးအပ်ရေး ကော်မတီက ယနေ့ ရွေးချယ်လိုက်သည်။

လျူရှောင်ဘို (အသက် ၅၄ နှစ်) သည် တရုတ်နိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားသူ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ထောင် ၁၁ နှစ် ချမှတ်ခံရသည်။

တရုတ်အစိုးရက သူ့ကို တရုတ်နိုင်ငံတွင် လွတ်လပ်စွာ စုဝေးခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ ယုံကြည် ကိုးကွယ်ခွင့်အတွက် စည်းရုံးလှုံ့ဆော်မှုဖြင့် ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

သူ့ကို ဆုပေးရန် ရွေးချယ်သည့်အတွက် တရုတ်အစိုးရက ဒေါသတကြီး ချက်ချင်း တုံ့ပြန်သည်။ “ရာဇ၀တ်ကောင်” လျူရှောင်ဘို ကို ဆုပေးခြင်းမှာ ဆုချီးမြှင့်ရေး စည်းကမ်းချက်များနှင့် မညီညွတ်ကြောင်း၊ နော်ဝေနိုင်ငံနှင့် ဆက်ဆံရေး ပျက်ပြားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အရာရှိ Ma Zhaoxu က ပြောလိုက်သည်။

နော်ဝေ နိုင်ငံခြားရေး ၀န်ကြီး Jonas Gahr Stoere ကလည်း ဆုကော်မတီသည် အစိုးရနှင့် သက်ဆိုင်ခြင်း မရှိဘဲ သီးခြား ရပ်တည်သော အဖွဲ့အစည်းဖြစ်ကြောင်း၊ နိုဗဲလ်ဆုကြောင့် ရန်စောင်ရန် မလိုအပ်ကြောင်း ပြန်လည် တုံ့ပြန်သည်။

DVB ခေါ် ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းဌာနကိုလည်း နိုဗဲလ်ဆု ပေးအပ်ရန် အဆိုပြုမှုများ ရှိခဲ့ပြီး ဆန်ခါတင် အဆင့်တွင် ထိပ်ဆုံးပိုင်တွင် ပါဝင်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts