>Wai Hnin Pwint Thon at UK Laror Party – with the Burmese sub-title on YouTube

>

ဝေနှင်းပွင့်သုန်၏ မြန်မာပြည်အတွက် စကား ယူကျုမှာ မြန်မာစာတန်းထိုးနဲ့ ကြည့်နိုင်ပြီ
မိုးမခရုပ်သံ
အောက်တိုဘာ ၇၊ ၂၀၁၀
နိုင်ငံရေးအကျဉ်းသား ကိုမြအေးရဲ့ သမီး၊ ယူကေကင်ပိန်းက လှုပ်ရှားသူ၊ မဝေနှင်းပွင့်သုန်ရဲ့ စက်တင်ဘာ ၂၇ က ဗြိတိန်လေဘာပါတီညီလာခံမှာ မြန်မာပြည်လွတ်လပ်ရေးအတွက် ဒီမိုကရေစီနိုင်ငံများက ဖိအားမှန်သမျှ သုံးပြီး ကူညီကြဖို့ တိုက်တွန်းနှိုးဆော်လိုက်တဲ့စကား မြန်မာပြည်တွင်း၊ ပြည်ပက မြန်မာအရေးလှုပ်ရှားသူများ၊ စိတ်ဝင်စားသူများကြားမှာ အထူးအာရုံစိုက် ခေတ်စားနေကြပါတယ်။ အခုအခါ အဆိုပါ ရုပ်သံအစီအစဉ်ကို အင်္ဂလိပ်စကားပြောနဲ့ တင်သာမက မြန်မာဘာသာ စာတန်းထိုးနဲ့ပါ ပြင်ဆင်ပြီး ဖြန့်ချိနေကြတာကို တွေ့ရပါတယ်။ မိုးမခက လက်ခံရရှိထားတဲ့ ကော်ပီကို မိုးမခယူကျုချန်နယ်မှာ အများပြည်သူတို့ အလွယ်တကူ မျှဝေကြည့်ရှူနိုင်ဖို့ တင်ဆက်လိုက်ပါတယ်။ စာတန်းထိုးပေးသူ ဗြိတိန်ရောက် မြန်မာပြည်က စီတီဇင်ဂျာနယ်လစ် (ပြည်သူ့ဘက်သားစာနယ်ဇင်းသမား) နဲ့ မျှဝေပေးသူ ယူအက်စ်ကင်ပိန်းကို ကျေးဇူးတင်ပါတယ်။ ဒီနေရာမှာ ကြည့်ပါ –

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts