>than shwe makes continuous trips for his election

>

ဗိုလ်သန်းရွှေ အဆက်မပြတ် ပြည်ပခရီးထွက်
မိုးမခအထောက်တော် အမှတ် ၀၀၁
အောက်တိုဘာ ၂၊ ၂၀၁၀

ယမန်နေ့က မြန်မာပြည်မှ မထွက်ခွာခင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် စစ်ခေါင်းဆောင်ကြီးများ (ဓာတ်ပုံ-NLM)
နန်းသက်ရှည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အသက် ၇၇ နှစ် ရှိပြီ ဖြစ်သော်လည်း ခြေလှမ်းကျဲကျဲ သွားလာနေသည်ကို တွေ့ရသည်။

တရုတ်ပြည်မှ မကြာသေးမီကမှ ပြန်ရောက်လာသော ဗိုလ်ချုပ်မှူးကြီးသည် အိမ်နီးချင်း လာအိုနိုင်ငံသို့ ယမန်နေ့က ရောက်ရှိသွားသည်။

ခရီးစဉ် အကြောင်းကို စစ်အစိုးရက ထုတ်ပြန် ကြေညာသော်လည်း ထုံးစံအတိုင်း အသေးစိတ် အချက်အလက်များ ပါဝင်ခြင်း မရှိပေ။

ယခု ခရီးသည် လာအိုသို့ သွားသည့် တတိယမြောက် ခရီးဖြစ်ပြီး ရွေးကောက်ပွဲကို ထောက်ခံမှု ရရန် သွားရောက်သည့် ခရီးစဉ် ဖြစ်သည်ဟု အကဲခတ်များက ယူဆသည်။

ဗိုလ်ချုပ်မှူးကြီးက လာအို သမ္မတကို မြန်မာပြည်တွင် ပြင်ဆင်ထားသည့် ရွေးကောက်ပွဲအကြောင်း ရှင်းပြသည်ဟု လာအို အစိုးရ ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနကို ပြောသည်။

အိမ်နီးချင်း လာအိုသည် မြန်မာပြည်ကဲ့သို့ အာဏာရှင် နိုင်ငံ ဖြစ်သည်။

ယခင်လက တရုတ်ခရီးစဉ်အပြီးတွင် တရုတ်ပြည်က ဗိုလ်ချုပ်မှူးကြီး၏ ရွေးကောက်ပွဲကို အကြီးအကျယ် ထောက်ခံကြောင်း ကြေညာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး၏ ပြည်ပခရီးများ
တရုတ် ၅ ရက်ခရီး၊ ယခုနှစ် စက်တင်ဘာ
အိန္ဒိယ ၅ ရက် ခရီး၊ ယခုနှစ် ဇူလိုင်
သီရိလင်္ကာ ၄ ရက်ခရီး၊ ၂၀၀၉ နိုဝင်ဘာ
စင်္ကာပူ၊ ၂၀၀၇ ဇန်န၀ါရီ

ဗိုလ်ချုပ်မှူးကြီး၏ လာအိုခရီးစဉ်များ
ပအကြိမ် – ၁၉၉၄ ဇွန်
ဒုအကြိမ် – ၂၀၀၃ စက်တင်ဘာ
တအကြိမ် – ၂၀၁၀ အောက်တိုဘာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts