>Zay Hmine – Songless Evening

>

သီချင်းမရတဲ့ ညနေတွေ
ဇေမှိုင်း
အောက်တိုဘာ ၁၊ ၂၀၁၀
ဖြစ်ရပုံများပြောပါတယ်
သူကြီးနဲ့ ပေါင်းပြီး
ရွာသူလေးကို စော်ကားသတဲ့
သူကြီးသားနဲ့ ပေါင်းပြီး
ရွာကျော် ခဲပစ်သတဲ့ …
ဖြစ်ပုံများ ပြောပါတယ်
နယ်စပ်မှာလည်း နယ်စပ်မို့လို့
ဒုက္ခသည်တွေအိမ်မှာလည်း ဒုက္ခသည်အိမ် မို့လို့
မြို့ပေါ်မှာနေတဲ့ သူတွေကလည်း
မြို့သားကြီးတွေ ဖြစ်လို့ 
ကွယ်ရင်မေ့ တွေ့ သေအောင် လွမ်း
ဖြူးစရာ နှမ်းခင်းကလေးတွေတောင် ကုန်ပြီ
ဒီမနက်ခင်း …
သတင်းတခု ရတယ်
ငါ ကွယ်လွန်သွားပြီတဲ့၊၊ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts