>Moe Hlaing Nya – Unavialable Area

>

ခေါ်လို့မရတော့တဲ့ သည်နေရာ
မိုးလှိုင်ည
အောက်တိုဘာ ၁၊ ၂၀၁၀
လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ
အသံထွက်မှားနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ…

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ
အဓိပ္ပါယ်မရှိပါသဖြင့် ခေါ်ဆို၍မရနိုင်ပါ…

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ
ဆက်သွယ်ရေး ဧရိယာပြင်ပရောက်ရှိနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ
စက်ပိတ်ထားပါသဖြင့် ခေါ်ဆိုမရနိုင်ပါ….

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ
လိုင်းများမအားသေးပါသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ
အစည်းအဝေးခန်းထဲဝင်နေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ
စာလုံးပေါင်းမှားနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ
လိုဂိုအမှတ်တံဆိပ်များ တုပထားသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ
အချိန်မရွေး အာဏာသိမ်းယူနိုင်ပါသဖြင့် ခေါ်ဆိုမရနိုင်ပါ…

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ
လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ
လူတကာ ဖုတ်ဖက်ခါ ပြောလွန်းလို့
ဖွတ်ဖွတ်ညက်ညက် ကြေနေပြီဖြစ်ပါသဖြင့်…
သေဆုံးသွားခဲ့ပါပြီ…။

(မိုးမခ မှတ်ချက် –
သို့ …
မိုးမခက ဂျီးဒေါ်နွားကျောင်းတဲ့ ပန်းချီ ကာတွန်းဆရာများ
ကဗျာတွေကို သရုပ်ဖော်ပုံနဲ့ ထည့်ချင်တာ၊ ကဗျာဖတ်ပြီး ကြိုက်လို့ ပုံဆွဲပြီး ပို့လိုက်ရင် ပြန်တွဲ ထည့်ပေးမယ်။
သင့် – မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts