>Pann Thee (Thee Lay Thee) – Jokes of Life – 1

>

ပန်းသီး 
ကျနော်တို့ဘ၀ အမှတ်တရဟာသများ – ၁
ပန်းသီး (သီးလေးသီး)
စက်တင်ဘာ ၂၉၊ ၂၀၁၀
ကျနော်တို့ နှင့် မှတ်သားစရာများ ကျန်အောင် ပြောတတ်သော ၀န်ကြီးကျော်ရဲအောင်
ကျနော်တို့ဟာ ထိုအချိန်က ယဉ်ကျေးမှုတွင် ၀န်ထမ်းတာဝန် ထမ်းဆောင်နေသော အချိန်ကာလဖြစ်ပါတယ် ။ ယဉ်ကျေးမှုဝန်ကြီးမှာ အောင်ရဲကျော်ဖြစ်ပြီး ကျနော်တို့တွေက ၀န်ကြီးကျော်ရဲအောင်လို့ပဲ မှတ်ထားလိုက်ကြပါတယ် ။
တနေ့ ဝန်ကြီးလာကြည့်မယ် ဆိုပြီး နေ့လည် ၂ နာရီလောက်ကတည်းက မိတ်ကပ်တွေလူး မင်းသားအ၀တ်စားတွေဝတ်ပြီး အသင့်စောင့်နေကြပါတယ် ။ ညနေ ၅ နာရီ ထိုးတော့လဲ ၀န်ကြီးကျော်ရဲအောင် ပေါ်မလာ၊ ၆ နာရီ ထိုးတော့လဲ ရောက်မလာသဖြင့် ကျနော်တို့တွေမှာ ဗိုက်ဆာလွန်းသဖြင့် တဂြီဂြီ … တဂွမ်ဂွမ် ဖြစ်နေကြ ပါတော့တယ် ။ မိတ်ကပ်တွေနဲ့ အ၀တ်အစားတွေနဲ့ ဆိုတော့ အပြင်သွာလို့ မရ ၀န်ကြီးမြန်မြန်လာဖို ပဲ ဗိုက်ဆာဆာနဲ့ ဆုတောင်းနေမိကြတယ်လေ ။
ဒိလိုနဲ့ ည  ၈ နာရီလောက်မှာပဲ ၀န်ကြီးကျော်ရဲအောင် ရောက်လာပါတော့တယ် ။ ဗိုက်ဆာဆာနဲ့ ၀န်ကြီးကို စိတ်ထဲမှာ မေတ္တာပို့ပြီး ကပြခဲ့ကြပါတယ် ။ ပွဲပြီးတော့  ၉း၃၀ လောက်ရှိပြီ။ ပွဲအပြီ်းဝန်ကြီး ပြန်ခါနီး ကျနော်တို့ကို မေးလိုက်ပါတယ်။
ဝန်ကြီးကျော်ရဲအောင်က
“သားတို့ သမီးတို့ စားပြီး ကြပြီလား” တဲ့
ဗိုက်ကလဲ သံစုံတီးဝိုင်းတွေဖြစ်ပြီ ဆိုတော့
“ဘာမှ မစားရသေးပါဘူး အဘ …” လို့ပဲ အားလုံး ညီညီညာ ဖြေလိုက်ကြတယ် ။
ထိုအခါ ၀န်ကြီးကျော်ရဲအောင်က …
“အဘကတော့ စားပြီးပြီ။ “
ဟု ပြောပြီး ပြန်သွားလေတော့သတည်း။
ကျနော်တို့အားလုံး စိတ်ထဲမှာတော့  သဘင်သမားမပြန်ခင် မှတ်သားစရာကျန်အောင် လုပ်နိုင်တဲ့ ၀န်ကြီးကျော်ရဲအောင် ပါလား ဟု တွေးနေမိပါတယ် ။
မှတ်ချက် –  ကျနော်တို့ ဖြတ်သန်းလာသော အနုပညာဘ၀မှ ကြားဖူးနားဝ ကိုယ်တိုင်လည်း ကြုံရသည့် ကမောက်ကမ ဟာသများဖြစ်ပါသည်။ သီးညီနောင် ဘလောက်မှာလည်း တပြိုင်နက်တည်း ပူးတွဲ တင်ဆက်သွားပါမည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts