>Than Myint Aung dad – funeral

>

နာရေးကူညီမှုအသင်းမှ ဒေါ်သန်းမြင့်အောင်၏ဖခင် ဈာပန
တာရာဝေယံ၊ ရန်ကုန်
စက်တင်ဘာ ၂၅၊ ၂၀၁၀

လူမှုရေးလုပ်ငန်းတွေကို တက်ကြွစွာ ဆောင်ရွက်နေတဲ့ နာရေးကူညီမှုအသင်းမှ ဒေါ်သန်းမြင့်အောင့် (စာရေးဆရာမ သန်းမြင့်အောင်) ရဲ့ ဖခင်ဖြစ်သူ ဦးချစ်အောင် ၈၄ နှစ်ဟာ ၁၉.၉.၂၀၁၀ တနင်္ဂနွေနေ့ နံနက် ၀၀း၁၅ နာရီက ကွယ်လွန်ခဲ့ပါတယ်။

ဦးချစ်အောင်ရဲ့ဈပနကို စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီက ရေဝေးသုဿာန်မှာ မီးသင်္ဂြိုဟ် ပြီးစီးခဲ့ပါတယ်။ နိုင်ငံရေး နဲ့ စာပေအသိုင်းအဝိုင်း၊ အနုပညာအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အများအပြား လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

ကွယ်လွန်သူကိုရည်စူးပြီး ၂၅.၉.၂၀၁၀ စနေနေ့ နံနက်မှာ ရက်လည်ဆွမ်းကျွေး တရားတော်နာယူမှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့ တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်၊ ဗညားဒလလမ်း၊ ၆ လွှာ အမှတ် ၂၁၆ နေအိမ်ကို ကြွရောက်ကြဖို့ ဖိတ်ကြားထားကြောင်း သတင်းရရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts