>U Ohn Maung – Father of Ma Mar Mar Oo (88 Generation Student) passed away while she is in prison for 70 years

>

 ၈၈ မျိုးဆက် ခေါင်းဆောင် မမာမာဦး၏ ဘခင် ဦးအုန်းမောင် (စာရေးဆရာ မောင်နီမာ) ကွယ်လွန်
တာရာဝေယံ
စက်တင်ဘာ ၂၄၊၂၀၁၀
တနေ့ည စက်တင်ဘာ ၂၂၊ ည ၁၁ နာရီ ၄၅ က၊ ၈၈ မျိုးဆက် ခေါင်းဆောင်တဦး ဖြစ်သူ မမာမာဦးရဲ့ ဘခင် ဦးအုန်းမောင် (၇၄ နှစ်) ဟာ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ သီရိမြိုင် ၃ လမ်း၊ အိမ်အမှတ် ၁၉ နေအိမ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။
 ဦးအုန်းမောင် ဈာပနကို စက်တင်ဘာ ၂၃၊ နေ့လည် ၁ နာရီက ရေဝေးသုဿန်မှာ မီးသဂြိုဟ် ပြီးစီင်္းခဲ့ပါတယ်။ ဈာပနကို နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များနဲ့ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားဟောင်းများ၊ ဆွေမျိုးမိတ်သင်္ဂဟများက လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။
 “ညက အိမ်သာက အဆင်းမှာ မူးတယ် ဆိုပြီး အိမ်အပေါ်ထပ်ကသူတွေကို လှမ်းခေါ်တယ်။ တွဲပြီး အိမ်ထဲကို ပို့ပေးလိုက်ပြီး မကြာခင် ဆရာမသွားခေါ်နေတုန်း ခေါင်းငိုက်စိုက် ကျသွားတယ်။ ဆရာမရောက်လာတဲ့အခါ စမ်းသပ်ကြည့်တော့ အသက်မရှိတော့ဘူးလို့ ပြောတယ်။ နှလုံးရောဂါကြောင့် ဖြစ်သွားတာလို့ သိရတယ်။”
ဦးအုန်းမောင် နေအိမ်အနီးက အိမ်နီးချင်းတဦးက ပြောပြတာ ဖြစ်ပါတယ်။
(Photo – Ma Ni Ni Mar and her friends – 88 Generation Students)
ဦးအုန်းမောင်ရဲ့ တဦးတည်းသော သမီး၊ မမာမာဦးဟာ ၂၀၀၇ သြဂုတ် နအဖစစ်အစိုးရရဲ့ လောင်စာဆီဈေးနှုန်းများ ကြီးမြင့်မှုကို ကန့်ကွက်ခဲ့ကြတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေနဲ့ အတူ လမ်းလျှောက်ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ပြီးနောက် ၂၀၀၈ သြဂုတ် ၇ ရက်မှာ စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
(photo – Ma Ni Ni Mar at DASSK 62 Birthday Event)
မမာမာဦး ကို ၂၀၀၈ နိုဝင်ဘာ ၁၁ ရက်၊ အင်းစိန်ထောင် တရားရုံးမှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့ပြီး ၂၀၀၉ နိုဝင်ဘာ ၂၀ မှာ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ နောက်များမကြာမီ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၄ ရက်မှာ မမာမာဦး ယခင်က လှုပ်ရှားခဲ့တဲ့ ၁၉၉၆ ကျောင်းသားအရေးအခင်းမှာ ကျခံခဲ့ရတဲ့ လက်ကျန်ထောင်ဒဏ် အဖြစ် နောက်ထပ်ပြစ်ဒဏ် ၅ နှစ်၊ ၄ လ နဲ့ ၂၂ ရက် တိုးမြှင့်ခြင်း ခံခဲ့ရပါတယ်။ သာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၅ နေ့မှာ ပြန်ပို့ခဲ့ပြီး အင်းစိန်က မန္တလေးထောင်၊ ထိုမှတဆင့် ဗန်းမော်ထောင်သို့ ပို့ပြီး ချုပ်နှောင်ထားခဲ့ပါတယ်။
 (Photo – Ma Ni Ni Mar and her fellow 88 Generation Students)
မမာမာဦးဟာ ယခုအချိန်မှာ ဗန်းမော်ထောင်မှာ ထောင်ဒဏ်ပေါင်း အနှစ် ၇၀၊ ၄ လ နဲ့ ၂၂ ရက်ကို ကျခံနေရဆဲ ဖြစ်ပါတယ်။ 
 (Photo – Than Myint Aung (FFSS Yangon), Ma Ni Ni Mar (70 years in Prison), Ko Zarganar (35 Years in Prison))
နှလုံးရောဂါဖိဆီးပြီး ကွယ်လွန်ခဲ့ရသူ ဘခင်ဦးအုန်းမောင်ဟာ သမီး မာမာဦးဆီ ထောင်ဝင်စာတွေ့ရန် ခရီးသွားခါနီး ရုတ်တရက်ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ်။  နီးစပ်တဲ့ ဆွေမျိုးများက သက်ဆိုင်ရာ အာဏာပိုင်တွေတဆင့် မမာမာဦးဆီ ဘခင်ဆုံးကြောင်း အသိပေးဖို့ ကြိုးစားနေကြတယ် ဆိုပါတယ်။
ဦးအုန်းမောင် ကိုယ်တိုင်ကလည်း ၁၉၈၈ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အတွက် နိုင်ငံရေးမှုနဲ့ ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရသူ စာရေးဆရာတဦး ဖြစ်ပါတယ်။
ဦးအုန်းမောင်ရဲ့ ရက်လည်ဆွမ်းသွပ် တရားနာကို စက်တင်ဘာ ၂၈၊ ၂၀၁၀နေ့ နံနက် နေအိမ်မှာ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။
(ဓာတ်ပုံများ – အသုဘ မြင်ကွင်း၊ မမာမာဦး၏ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုများ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts