>Air Bagan launches flights to Phukhet

>

အဲပုဂံက ရန်ကုန်-ဖူးခက် ၂ ပတ် ၁ ကြိမ် ပြေးမည်
AFP သတင်းဌာန
စက်တင်ဘာ ၂၂၊ ၂၀၁ဝ ရေပတ်လည် ၀ိုင်းနေသည့် ဖူးခက်မြို့၏ ကမ်းခြေ တနေရာ။

မြန်မာပြည်မှ လေကြောင်းလိုင်း တခုသည် ရန်ကုန် နှင့် ထိုင်းပင်လယ်ကမ်းခြေမြို့ကြား ၂ ပတ် ၁ ကြိမ် ပျံသန်းမည်ဟု တနင်္ဂနွေနေ့က သတင်းတပုဒ်တွင် ရေးထားသည်။

ခရီးသည် ၁၀၀ ၀န်းကျင် တင်ဆောင်နိုင်သော ဖော်ကာလေယာဉ်ဖြင့် ဒီဇင်ဘာမှ စတင်ပြီး တနင်္လာ၊ သောကြာတို့တွင် ပြေးဆွဲမည်ဟု အဲပုဂံ ပြောခွင့်ရ အမျိုးသမီးက မြန်မာတိုင်းမ် ဂျာနယ်သို့ ပြောသည်။

လက်ရှိ ပြေးနေသော ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကိုလည်း အရေအတွက် တိုးချဲ့ ပျံသန်းမည်ဟု အဲပုဂံက ကြေညာသည်။

အဲပုဂံကို မြန်မာပြည်မှ သူဌေးကြီး ဦးတေဇ ပိုင်ဆိုင်သည်။ သူသည် စစ်အစိုးရနှင့် နီးစပ်သူဖြစ်သည်ဟု ယုံကြည်ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts