News

Ko Tun Wai (Japan) – Shwe Nya War Sayar Daw visit to Japan

ရွှေည၀ါဆရာတော်ကြီး ဂျပန်သို့ ကြွရောက်မည်
ကိုထွန်းဝေ (ဂျပန်)
ဇွန် ၆၊ ၂၀၁၃


ဇွန်လ(၁၁)ရက်နေ့ အဂါင်္နေ့မှာ ရွှေညဝါဆရာတော် (ဘဒ္ဒန္တပညာသီဟ)နဲ့ လက်ထောက်ဆရာတော် ဦးသူရိယ ဆရာတော်၂ပါးဟာ ဂျပန်နိုင်ငံတိုကျိုမြို့သို့ ရောက်ရှိမှာဖြစ်ပြီး (၆)ရက်ခန့် သီတင်းသုံးနေထိုင်မှာ ဖြစ်ပါတယ်..။
ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်းမှာတော့ တိုကျိုမြို့ Otsuka ဘူတာရုံမှ (၅)မိနစ်ခန့်အကွာ (Sugamo ရဲရုံးဘေး)ရှိ ခန်းမ(အသေးစိတ် ထပ်မံကြေငြာပါမည်)မှာ ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများအား တရားရေအေးတိုက်ကျွေးမှာ ဖြစ်ပြီး ၁၇ရက်နေ့မှာတော့ ဂျာမဏီနိုင်ငံသို့ ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်..။
ဇွန်လ(၁၁)ရက်နေ့ မနက် (၆)နာရီ (၄၅)မိနစ်မှာ ဟာနေဒါအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေဆိပ်မှ ဂျပန်နိုင်ငံသို့ ရောက်ရှိမှာ ဖြစ်ပါတယ်…။ သွားရောက်ကြိုဆိုလိုသူများနှင့် တရားပွဲ နေရာအချိန်သိလိုသူများ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်..။
ဦးသန်းဝင်း ၀၉၀-၂၄၄၃-၄၀၃၆
ဦးမြသိန်း ၀၉၀-၈၆၄၄-၇၀၉၂

ပြန်လည်မျှဝေပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts